ထူးထူးဆန်းဆန်းဆို ကိုးကွယ်ချင်ကြတဲ့ အမည်ခံ ဗုဒ္ဓဘာသာတွေနဲ့ နွားနို့သောက်တဲ့ နဂါး
အမည်ခံ ဗုဒ္ဓဘာသာတွေကြောင့် အထူးသဖြင့် စာပေ ပရိယတ္တိကို ကျွမ်းကျွမ်းကျင်ကျင် မတတ်ရင် ဘုန်းကြီး ဖြစ်သော်လည်းပဲ ဘုရား မနှစ်သက်တဲ့ လောကုတ္တရာ အတွက် အကျိုး မပြုတဲ့ ဒီလို အနှစ်သာရ မရှိတဲ့ အလုပ်တွေနဲ့ သာသနာ ပြန်ပွားရေးလို့ အမည်တပ်ပြီး လုပ်ကြလေ့ ရှိတယ်။
ဒါတွေဟာ ဘာကြောင့် ဖြစ်လာတာလဲ မေးရင် လူတွေရဲ့ စဉ်းစား ဆင်ခြင်တုံတရား မရှိဘဲ မျက်စိ မှိတ်ပြီး တစ်ဖက်သက် ယုံကြည်မှုကြောင်းလို့ပဲ ပြောရ လိမ့်မယ်၊
နောက်တစ်ချက်က လောဘ ကြောင့်၊ အကြောက်တရား ကြောင့်၊ လောဘကြောင့်ဆိုတာ စီးပွားရေး တက်ချင်တယ်၊ ဘာညာ ဖြစ်ချင်တယ် ရချင် တယ်နဲ့ ရှေ့နောက် မကြည့်သလို ယုတ္တိ ရှိမရှိ ဆိုတာကိုလည်း မစဉ်းစားကြတော့ဘူး။ အကြောက်တရားနဲ့ဆိုတာ ”ဘာ မလုပ်ရင် ဘာဖြစ်လာမယ်၊ သားသမီး ဘာဖြစ်မယ် ညာဖြစ်မယ်”နဲ့ ခြိမ်းခြောက် ပြီး ယတြာချေတာတို့ ဘာတို့။ လူတွေ လည်း သိပ် ယုံကြတာပဲ။ ဘုရားကိုသာ အဲ့လို ယုံကြည်ခဲ့ရင် ဘယ်လောက် ကောင်းမလဲ။
ကုသိုလ်ကံ ထူးလို့ လူဖြစ်ပါလျက် တိရိစ္ဆာန် ဖြစ်တဲ့ နဂါးကိုမှ နို့ရည် အုန်းငှက်ပျော့သီးနဲ့ ပူဇော်နေတာ ကိုယ့်ရဲ့ ကုသိုလ်ကံကိုတောင် ယုံကြည်မှု မရှိသလို ဖြစ်သွားတယ်။
အဲ့လိုဆို လူမဖြစ်ဘဲ နောင်ဘဝမှာ နဂါးဖြစ်ရင် မကောင်းဘူးလား? လူတွေ ပူဇော်တာကို ထိုင်စားရမှာလေ။ (Dhamma padma)
ပုံကတော့ တိရစ္ဆာန်တွေကပါ ဦးတိုက်တယ်ဆိုပြီး နွားလေးကို တရားဟောလေရာ ဒုက္ခခံခိုင်းပြီး သယ်သွားပုံ ဖြစ်ပါတယ်။ စဉ်းစားဆင်ခြင် နိုင်ကြပါစေ။