မြန်မာ့အင်အားပြင်း ငလျင်နဲ့ တရုတ်ပြည်ငလျင်များ ဆက်စပ်မှု (နောက်ဆက်တွဲတွေ လာနိုင်ပါသေးတယ်)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ယာအန်းမြို့မှာ ဇွန်လ ၁ ရက် မွန်းလွဲပိုင်းက အင်အား ရစ်ခ်ျတာစကေး ၆ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာမှာ လူလေးဦး သေဆုံးကာ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

အဆိုပါငလျင်လှုပ်ခတ်ပြီးနောက် ပြင်းအား ၄.၅ အဆင့်ရှိ ဒုတိယငလျင်မှာ ယာအန်းမြို့အောက်ဘက် ဘိုရှီ ကောင်တီကို ဗဟိုပြုကာလှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ငလျင်ဒဏ်သင့်ဒေသများသို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ မီးသတ်ဌာန၊ ဆေးဘက်ဆိုင်ရာနှင့် ပြည်သူ့လုံ ခြုံရေးဗျူရိုတို့မှ တပ်ဖွဲ့ဝင် ၈၀၀ ကျော်အား ချက်ခြင်းစေလွှတ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများကို ရှာဖွေကယ်ဆယ်ခြင်း၊ လမ်းများပြုပြင်ခြင်းနှင့် ထိခိုက်ခံပြည်သူများအား နေရာရွှေ့ပြောင်းပေးခဲ့ကြောင်း သိရပါတယ်။

စီချွမ်ပြည်နယ်သည်မြန်မာနိုင်ငံမြောက်ပိုင်းနယ်နမိတ်နှင့်ထိစပ်နေပြီး ၂၀၀၈ ခုနှစ်တွင် ပြင်းအား ၇.၉ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ လူပေါင်း ၉၀,၀၀၀ သေဆုံးမှုဖြစ်ခဲ့သည့် ဒေသများတွင် တစ်ခုအပါအဝင်ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်၊ ဇွန်လ (၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃)နာရီ၊ (၁၃)မိနစ်၊ (၁၅)စက္ကန့် အချိန်မှာတော့ ဂွမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၆)မိုင်ခန့်ကွာဝေးသော (မြန်မာ့ပင်လယ်ပြင်၊ ဂွမြို့၏ အနောက်တောင်ဘက် (၁၆)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၇.၅၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၃၄)ဒီဂရီ၊ အနက် (၁၄) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၄)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါတယ်။

တရုတ်နိုင်ငံတွင် အင်အားပြင်းထန်တဲ့ မြေငလျင်များ လှုပ်ခတ်သွားပြီးနောက် ငလျင်စောင့်ကြည့်ရေး အဖွဲ့ တခု ဖြစ်တဲ့ The Watchmen’s Earth and Space connection ပေ့ကနေ သတင်းတခု တင်ခဲ့ပါတယ်။ ထိုသတင်းထဲမှာတော့ မြန်မာပြည်မှာ အင်အား ပြင်းထန်တဲ့ ငလျင်တခု လှုပ်နိုင်တယ်ဆိုတာ ကြိုတင် ဖော်ပြခဲ့ပါတယ်။ သတင်းအပြည့်အစုံကို ဖော်ပြ လိုက်ပါတယ်-

ငလျင်အန္တရာယ် အလွန်အမင်း ကျရောက်နိုင်တဲ့ ဒေသများကတော့ ဂျပန်တောင်ပိုင်း၊ ထိုင်ဝမ်၊ ဖိလစ်ပိုင် လူဇုန်ကျွန်း၊ တရုတ်အရှေ့တောင်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ လာအို၊ မြန်မာနဲ့ အိန္ဒိယတို့ ဖြစ်ကြပါတယ်။

ငလျင် အန္တရာယ် ပုံမှန် ကျရောက်နိုင်တဲ့ ဒေသများကတော့ အီကွေဒေါ၊ ဘရာဇီး၊ အတ္တလန္တိတ် သမုဒ္ဒရာ အလယ်ပိုင်း၊ အာဖရိက အနောက်မြောက်ပိုင်း၊ အာရေဗျကျွန်းဆွယ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဗီယက်နမ်တို့ ဖြစ်ကြပါတယ်။

ဗဟိုအာရှိ၊ ဗဟိုအမေရိက၊ ကိုလံဘီယာ၊ ဗာဂျင်ကျွန်းစုနဲ့ ပွာတိုရီကို နိုင်ငံတွေမှာတော့ ငလျင်ဒဏ် ခံရမှု အနည်းငယ် ရှိနိုင်တယ်လို့ ဖော်ပြသွားပါတယ်။ အင်အား ပြင်းထန်တဲ့ ငလျင်လှုပ်ပြီးသွားရင် နောက်ဆက်တွဲ ငလျင်တွေ ထပ်မံ လှုပ်ခတ်နိုင်တာကြောင့် ရန်ကုန်မြို့ အထပ်မြင့်နေ ပြည်သူများ အနေနဲ့ အထူး ဂရုစိုက်နေကြပါလို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page