ယူကရိန်း ညူကလီးယားစက်ရုံကို ရုရှက တိုက်ခိုက်လိုက်ခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်း

ရုရှရဲ့ ဗုံးတလုံး ယူကရိန်းရဲ့ ဥရောပမှာ အကြီးဆုံး ညူကလီးယား လျပ်စစ်စက်ရုံကို လာထိတယ်။ ကံကောင်းချင်တော့ စက်ရုံက တာဘိုင် reactor ခြောက်ခု မှာ ပြင်နေလို့ရပ်ထားတဲ့ တခုကိုထိတယ်။ ရပ်ထားပေမဲ့ စက်ထဲမှာ ညူကလီးယားလောင်စာရှိနေတယ်။ လက်ရှိတော့ မီးကို ထိမ်းထားနိုင်တယ်ဆိုတယ်။

ဗုံးကြောင့် ဒီညူကလီးယားစက်ရုံ က ညူကလီးယားလောင်စာတွေ ပျက်စီးရင် ချာနိုဘိုင်းစက်ရုံ ပျက်စီးတုန်းကထက် ၁၀ ဆ အန္တရာယ်ပိုမယ်။

ပျက်စီးသွားရင် ဘာဖြစ်နိုင်လဲ ? ညူကလီးယားလောင်စာ စိမ့်ထွက်ရင် ရေဒီယိုသတ္တိကြွမယ်၊ အဲ့ဒီ ရေဒီယိုသတ္တိကြောင့် လူတွေသေနိုင်တယ်၊ ရေရှည်မှာ အဲ့ဒီဒေသမှာ ကင်ဆာတွေဖြစ်မယ်။

ယူကရိန်းမှာ ညူကလီးယား လျပ်စစ်စက်ရုံ ၁၅ ရုံရှိတယ်။ စစ်ဟာ တကယ့်ကွိုင်ပဲ။ ဒီစစ်ပွဲမှာ ကမ္ဘာဟာ ညူကလီးယား အန္တရာယ် တကယ် ကျနေတယ်။

ရုရှ က ယူကရိန်းကို တိုက်မှာပဲ လို့ ထင်ခဲ့တယ်၊ တည့်မတိုက်ပဲ ဒွန်းညက်စ် ပြဿနာခေါင်းတည် ဗန်းပြပြီးမှ ဝင်တယ်။

ရုရှ က ညူ တလုံးလောက်တော့ သုံးပြီးကမ္ဘာကို ခြိမ်းခြောက်မယ် လို့ထင်ခဲ့တယ်။ သူ့ ညူ ထုတ်မသုံးပဲ accident လိုလို ဘာလိုလို နဲ့ ယူကရိန်း စက်ရုံ ကို ဗုံးပစ်လိုက်တယ်။ ပူတင် ကိုလျော့မတွက်သင့်ဘူး။ ကြောက်စရာ။

Kyaw Swa Min

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page