ဆရာမတွေနဲ့ ကိုရီးယားရှိ မြန်မာလုပ်သားတွေကို စကစက ကားပါမစ်ချပေးမယ်လို့ သတင်းထွက်နေ
Dealer တချို့ စက်ရုံထုတ် လက်ကျန် ဆူဇူကီး ကားများကို စက်ရုံပေါက်စျေးအတိုင်း ဒီနှစ်အကုန်အမီ စရံပြန်မထုတ်သူများအား အပ်ရန် ပြင်ဆင်နေကြောင်းသိရသည်။ ကားပါမစ်ချဖို့ မူဝါဒအသစ်ကို ကညန နှင့် စီးပွားကူးသန်း မှ အပါအဝင် တချို့ Dealer တချို့ထံမှ leak (ပေါက်ကြား) ဖြစ်လာတဲ့ သတင်းအရ ကားပါမစ်အသစ်ကို နှစ်မကုန်ခင် ပြဌာန်းပြီး ထုတ်ပြန်ဖို့ရှိနေပါတယ်တဲ့။
ပါမစ်မူဝါဒ အသစ်အရ တရားဝင် နိုင်ငံခြားဝင်ငွေရှာပေးနေသော နိုင်ငံသားများ ဥပမာ ၁။ သင်္ဘောသားများ ၂။ Oversea Shore Job သမားများ ၃။ ပြည်တွင်းရှိ ရေနံတူးစင်(Platform) လုပ်သားများ ၄။ လုပ်သက် နှစ်နှစ်ဆယ်အထက်ရှိ ဆရာ/ဆရာမများ ၅။ EPS စနစ်ဖြင့် ကိုးရီးယားတွင်အလုပ်လုပ်နေသူများ စသဖြင့် (၁၅၀၀ C.C ) အောက် ဝန်းကျင်၊ Model Year ကန့်သတ်ချက်တချို့ ဆိပ်ကမ်းအရောက် CIF တန်ဖိုး တခုခုဖြင့် တင်သွင်းခွင့်ပေးလာမယ်လို့( Leak) ဖြစ်လာပါတယ်။
ကောလဟလအဖြစ် ထွက်ပေါ်လာနိုင်သော်လည်း ဖြစ်နိုင်ချေ ဖြစ်နိုင်စရာလို့ သုံးသပ်ရမှာပါ။ ပြည်တွင်း ဂျပန်တပတ်ရစ် JDM ကားဟောင်းတွေ အဆမတန်စျေးတက်လာခြင်း၊ ပြည်တွင်းထုတ် SKD ကားများ ကို ဝယ်ရောင်း ပွဲဇိုးအပြင် တချို့ အိမ်စီးကားသမားများပါ လောဘ ဖြင့် ဝင်ရောက်ကစားလာခြင်း၊ စကတည်း ယဉ်သကို ဆိုသလို ကျပ်ငွေတန်ဖိုးကျနေရာကိုမှ ငွေစျေး ကားစျေး ကစားခြင်းဖြင့် ပိုမိုဆိုးရွားစွာ ငွေစျေးနှုန်း မတည်ငြိမ် ကျပ်ငွေတန်ဖိုး မတရား ဖောင်းပွလာခြင်း၊ စကစ အပါအဝင် ဝန်ကြီးဌာနအချို့ အခွန်(TAX) လိုငွေ အရမ်းမြင့်တက်လာခြင်းတို့ကြောင့် ဖြစ်လာနိုင်ချေရှိသော သတင်းတခုလို့ သုံးသပ်မိပါတယ်။
Dealer တချို့ စက်ရုံက ကားအလုံအလောက်မရလို့ ကားမရနိုင်ကြောင်း ဘယ်လိုအော်အော် ဒီနှစ်ကုန်ထိကတော့ စက်ရုံမှာ အစုလိုက်အပုံလိုက်ကို ကားများရှိနေနိုင်တာပါပဲ။ အထူးသဖြင့် လူကြိုက်များတဲ့ ဆူဇူကီးကားများဆိုရင် နှစ်မကုန်ခင်ထိ SKD Parts များ တပ်ဆင်ထုတ်နိုင်ဖို့ အလုံအလောက်သွင်းထားပြီးသားပါ။
ပါမစ်မူဝါဒ မထွက်ခင်ထိ ကားများကို Monopolized လုပ်ပြီး အလွယ်တကူ ထုတ်မရောင်းပေးပါဘူး။ ဒါကတော့ စက်ရုံနဲ့ Dealer တချို့အသိဆုံးဖြစ်မှာပါ။ မူဝါဒ ထွက်လာရင် ကားတင်သွင်းတချို့ တပိုင်းပြန်ရမှာမို့ မျက်ဖြူစိုက်လေ ဆရာကြိုက်လေ ဖြစ်ပြီး အပြင်ပေါက်စျေး မတရားမာနေလေ Dealer တွေအတွက် နောက်ပေါက်ကနေ ကားထုတ်ရောင်းရတာ ပိုပြီးတောင် အဆင်ပြေ မြိုးမြက်နေနိုင်လို့ပါ။
Leaked ဖြစ်လာတဲ့ မူဝါဒ သတင်းနဲ့ အတူ 2023 နှစ်စပိုင်းမှာတင် ဆူဇူကီးရဲ့ အာတီဂါ ၊ စီရတ် ၊ ဆွစ်ဖ် မော်ဒယ်တို့ကို ကားအမျိုးအစားလိုက် Hybrid ဖြစ်စေ Sport Version ဖြစ်စေ ဆိုပြီး အသစ်ထပ်ထွက်လာမှာပါ။ နိဂုံးချုပ်ဆိုရသော် လက်ထဲ ပေါများလို့ပဲဖြစ်ဖြစ် မရှိရှိမဲ့ လေးနဲ့ ဖြစ်ဖြစ် SKD ဝယ်စီးချင်လို့ပဲ ဖြစ်ဖြစ် JDM ပဲ ဖြစ်ဖြစ် သတိလေးကပ်ပြီး ဝယ်စေချင်တာပါပဲ။
ကားပါမစ်မူဝါဒအသစ် နဲ့ထွက်ချလာတဲ့ အချိန် SKD တချို့ Brand များ ၂၀၂၃ (အဲ့ထက်လဲစောနိုင်) ကား Version အသစ်များ ရုတ်တရက် ထုတ်ပြီး အရောင်း ကြေငြာ Preorder လက်ခံလိုက်တာနဲ့ မတန်မရာ ပေးဝယ်လိုက်ရတဲ့ SKD ကားတချို့ သိန်းရာနဲ့ချီ ရှုံးသွားမှာမို့ နိဂုံးချုပ်ရင်း တင်ပြလိုက်ရပါတယ်ခင်ဗျာ။ (Lucas Yip)