စကစရဲ့ ပေါပေါလောလော အောင်မယ့် ဆယ်တန်းအောင်စာရင်း ထွက်မယ့်နေ့ကို ကြေညာလိုက်ပါပြီ

ပြီးခဲ့တဲ့ မတ်လကုန်က ကျင်းပခဲ့တဲ့ စကစရဲ့ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို လာမယ့် ဇွန်လ ၁၂ ရက်နေ့မှာ ထုတ်ပြန် ကြေငြာမှာဖြစ်တယ်လို့ သိရပါတယ်။

စကစရဲ့ ဆယ်တန်းအောင် စာရင်းတွေကို သက်ဆိုင်ရာကျောင်းတွေမှာ ကြေငြာထားမယ့်အပြင် မြန်မာနိုင်ငံစာစစ် ဦးစီးဌာနရဲ့ ဝက်ဆိုဒ်မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

“ရှေ့လ ၁၂ ရက်နေ့ မှာအောင်စာရင်းတွေထုတ်ပြန်ပေးမယ်လို့သိရတယ်။ အောင်ချက်ကောင်းတယ်လို့တော့ကြားနေရတယ်ဆိုပေမယ့် တကယ့်စာရင်းထွက်လာမှပဲ သေချာသိရမှာပါ။ မနှစ်ကတော့ကျောင်းတက်သူက ရာနူန်းပြည့်တော့မရှိခဲ့ဘူး ” လို့ အထက်တန်းပြဆရာမတစ်ဦးက ပြောပါတယ်။

၂ဝ၂၁-၂ဝ၂၂ ခုနှစ် စကစရဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ စာမေးပွဲလာရောက်ဖြေဆိုဖို့ စာရင်းပေးတာက ၃၁၂၄၂၄ ဦးရှိပြီး အမှန်တကယ်လာရောက် ဖြေဆိုခဲ့တဲ့ကျောင်းသားကျောင်းသူ ဦးရေက ၂၈၁၇၄၁ ဦးရှိသာရှိခဲ့တယ်လို့ သိရပါတယ်။

စာမေးပွဲ ပထမရက်ဖြစ်တဲ့ မြန်မာဘာသာဖြေဆိုသူ ၂၈၁၇၄၁ ဦး၊ အင်္ဂလိပ်ဘာသာဖြေဆိုသူ ၂၈၁၃၉၇ ဦး၊ သင်္ချာဖြေဆိုသူ ၂၈၁၂၄၉ ဦး ၊ ဓာတုဗေဒဖြေဆိုသူ ၂၂၇၇၄၆ ဦး၊ ရူပဗေဒဖြေဆိုသူ ၂၂၇၆၈၂ ဦး၊ ဇီဝဗေဒ ဖြေဆိုသူ ၆၉၅၈၅ ဦး၊ ဘောဂဒေဗဖြေဆိုသူ ၂ဝ၉၃၉၃ ဦး၊ ပထဝီဖြေဆိုသူ ၅၄၇၄၃ ဦး နဲ့သမိုင်းဖြေဖဆိုသူ ၅၃၇၃၈ ဦးရှိပြီး စိတ်ကြိုက်မြန်မာစာဖြေဆိုသူက ၃ ဦး ရှိခဲ့တယ်လို့ စကစ လက်အောက်ခံ ပညာရေးဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။

စကစရဲ့ တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်ကနေ ဧပြီလ ၉ ရက်နေ့ အထိ ကျင်းပခဲ့တာပဲဖြစ်ပြီး နိုင်ငံခြားစာစစ်ဌာန ၂ဝ ၊ ပြည်တွင်းစာစစ်ဌာန ၁၂၃၈ ခု စုစုပေါင်း ၁၂၅၈ ခုနဲ့ ဖွင့်လှစ်ဖြေဆိုစေခဲ့တာပါ။ ဖြေဆိုသူရာခိုင်နူန်း ၉၀.၁၈ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ သိရပါတယ်။

ယခုနှစ် ဆယ်တန်းစာမေးပွဲတွင် ယခင်နှစ်တွေကထက် ဖြေဆိုသူ နည်းပါးသောကြောင့် စာစစ်ဆေးမှု ပိုမိုမြန်ဆန်ကြောင်း စာစစ်ခဲ့တဲ့ ဆရာမတဦးက ပြောပါတယ်။ စာစစ် ဆရာမ အင်အားလည်း အနည်းငယ်သာ ရှိတဲ့အပြင် အထက်က အားချင်း စစ်ဆေးခိုင်းတာကြောင့် အမြန်စစ်ဆေးပေးလိုက်ရတယ်လို့ သိရပါတယ်။ ယခုနှစ် စာမေးပွဲမှာ စာသင်ချိန် ၃ လသာ ရှိခဲ့တာကြောင့် သင်ရိုးအပြည့် မသင်ခဲ့ရဘဲ စာမေးပွဲမှာလည်း လွယ်ကူတဲ့ မေးခွန်းသာ မေးခဲ့တာကြောင့် အောင်ချက် ရာခိုင်နှုန်း အလွန်ကောင်းမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page