သင်တန်းကြေး ၉ သိန်း ၉ သောင်းတောင်းတဲ့ တစ်တော့အကသင်တန်း (ပညာတွေလည်း ရပါတယ်)

လတ်တလော အွန်လိုင်းမှာ ဟော့နေတဲ့ သတင်းကတော့ တစ်တော့ မားကတ်တင်းသင်တန်းဆိုပြီး တစ်တော့ သုံးနည်း၊ ကခုန်နည်း သင်တန်းကို သင်တန်းကြေး ၉ သိန်း ၉ သောင်း တောင်းတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

လူတိုင်းဆော့နိုင် သုံးနိုင်တဲ့ ဖုန်းဆော့ဝဲတခုကို ပိုက်ဆံ အများအပြား ယူပြီး သင်တန်းဖွင့်တဲ့ ကိစ္စအပေါ် လူမှုကွန်ယက် သုံးစွဲသူများက ဝေဖန်လျက် ရှိနေကြပါတယ်။

ကိုဇင်ဇေလွင်ရဲ့ ဝေဖန်မှုကို အပြည့်အစုံ ဖော်ပြ ပေးလိုက်ပါတယ်-

“တစ်တော့မားကတ်တင်း သင်တန်းကို နာမည် အဆန်း ( စာလုံးပေါင်း အမှားကြီးနဲ့ ) ပေးပြီး သင်တန်းကြေး ၉ သိန်း ၉ သောင်း တောင်းသတဲ့ … -ခွမ်း တကယ် စီးပွါးရေး / စျေးကွက်ထိုးဖောက်ရေး စံတွေ နဲ့ ကြည့်လိုက်ရင် ဇကောလောက်မှ ဇောက်မနက်တဲ့ ဟာ မ လေးက ( ခုလို အချိန်အခါကြီးမှာတောင် ) အဲ့လောက် အတောင်း ကြမ်းရသလား”

လက်ရှိအချိန်မှာ တိုင်းပြည်စီးပွားရေး ပြိုလဲနေချိန် ဖြစ်တာကြောင့် လူတိုင်းနီးပါး ပိုက်ဆံရှာဖို့ အသည်းအသန် ကြိုးစားနေကြချိန် ဖြစ်ပါတယ်။

အဲဒီလိုအချိန်မျိုးမှာ မဟုတ်တဲ့ နည်းလမ်းတွေနဲ့ ဒီလို ဂျင်းထည့်ကြတဲ့ ကိစ္စတွေ ဖြစ်မလာနိုင်အောင် အားလုံး ဝိုင်းဝန်းတားဆီးသင့်ပါတယ်လို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ…

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page