ဧရာဝတီတိုင်းက ရွာလေး တရွာရဲ့ ထူးခြားဆန်းကြယ်တဲ့ ဓလေ့ထုံးစံများ (ဖြစ်ရပ်မှန်)
ဧရာဝတီတိုင်းက ရွာလေးတရွာရဲ့ ထူးဆန်းတဲ့ ဓလေ့များ အကြောင်းကို ဖော်ပြလိုက်ပါတယ်။ ဖြစ်ရပ်မှန် အဖြစ်အပျက်များကို ဇာတ်လမ်းပုံစံဖြင့် ဆီလျော်အောင် ရေးသားထားပါတယ် ခင်ဗျာ-
ကျွန်တော်သည် ထိုနေ့က သူငယ်ချင်းများနှင့် အရက်သောက်လာမိသည်။ ညဖက် ဆယ်နာရီခန့်ရှိပြီဖြစ်သည်။ ကျွန်တော်ကား အိမ်မပြန်တတ်လောက်အောင်မူးနေခဲ့ပါသည်။ ထို့ကြောင့်ကျွန်တော့် အရီးလေးအား လှမ်းခေါ်အော်လိုက်ပါသည်။ “အရီးလေးရယ် ..ကျွန်တော့် ကိုလာခေါ်ဗျ အိမ်မပြန်တတ်တော့ဘူး”ဟုအသံဗြဲကြီးနဲ့ အော်ခေါ်လိုက်သည်။
ခဏအကြာတွင် အရီးလေးရောက်လာ ခဲ့ပါသည်။ ထို့နောက် ကျွန်တော်နဲ့ ဘေးတိုက်အနေအထားဖြင့်” လာ..လာ..ငါ့နောက်ကလိုက်ခဲ့ ငါအိမ်ပြန်ပို့ပေးမယ်”ဟုပြောကာ ကျွန်တော့်အား ခေါ်လာခဲ့ပါသည်။
ကျွန်တော်လည်း အရီးလေးနောက်က လိုက်ပါလာခဲ့သည်။ “ဒုန်း”တစ်စုံတစ်ခုသည် ကျွန်တော့် နဖူးအားပြင်းထန်စွာ ရိုက်ခတ်မိသည်။ စေးထန်းထန်း ေ-ွးများလည်း ကျလာသည်။ မျက်လုံးအား အားစိုက်ကာ ဖွင့်ကြည့်လိုက်သောအခါတွင် ဘုန်းကြီးကျောင်း အုတ်သံတိုင်းဖြစ်နေသည်။
ကျွန်တော်၏ ဘေးမှအရီးလေးကား မရှိတော့ပေ။ ကျွန်တော် အလွန်ထိတ်လန့် ဖြစ်သွား ခဲ့ပါသည်။ ကျွန်တော်နှင့် ရှေ့ဖက်ကိုက်၂၀၀ခန့်တွင် မကြာခဏ ရေနစ်လေ့ ရှိသော ချောင်းနှင့်တံတားရွာတောင်ဖက်တွင်ရှိသော ကျွန်တော့်အိမ်အား ရွာအစွန် ဘုန်းကြီး ကျောင်းနှင့်အနီး ထိုချောင်းဆီသို့ မျှားခေါ်လာခဲ့ပါသည်။ မကြာခဏဆိုသလိုပင် ထိုနေရာ၌ ရေနစ်လေ့ရှိသော နာမည်ကြီး တံတားနှင့်ချောင်း။ ကျွန်တော် သေကံမရှိသေး၍ ပြန်လွတ်မြောက်ခဲ့သည်။
ကျွန်တော်တို့ ရွာကား စုန်း၊တစ္ဆေ၊အလွန်ပေါများသည်။ တစ်စုံတစ်ခုသို့ သွားစရာရှိပါက အော်မခေါ်ရပါ တိုးတိုးတိတ်တိတ်သာ ပြောရသည်။ အကယ်၍ အော်ခေါ်မိပါက တစ္ဆေက အယောင်ဆောင်ကာ အမြဲလာခေါ်ပါသည်။ ထို့ကြောင့် အလွန်သတိထားရသည်။ ကျွန်တော်နှင့် ဆွေမျိုးတော်သော အဒေါ်တစ်ယောက်အား စုန်းမဟု လူများက သမုတ်ကြသည်။ ကျွန်တော်ကား ဟုတ်မဟုတ် အတိအကျ သိချင်သည်။
တစ်နေ့တွင် ရွာထဲက အိမ်တစ်အိမ်မှ စုန်းချွတ်နေပါသည်။ မှော်ဆရာက စုန်းပူးသောသူအား ကြိမ်လုံးဖြင့် နောက်ကျောကို ရိုက်ပါသည်။ ညနေစောင်းတွင် ကျွန်တော်သည် အဒေါ်အိမ်သို့ တိတ်တဆိတ် အရိပ်အခြေအနေလာကြည့်ခဲ့ ပါသည်။ အဒေါ်ရေချိုးရန်သွားသောအခါ ထမီရင်ခြားထားသော သူမ၏ နောက်ကျောတွင် အနီရောင် အစင်းအမာရွတ်များအား တွေ့လိုက်ပါသည်။ အသားဖြူဆွတ်ဆွတ်ပေါ်တွင် ထင်းခနဲ ပေါ်နေပါသည်။
ကျွန်တော် အလွန်ကြောက်လန့် မိပါသည်။ ထိုအဖွားကြီးက စက်ကြိုးပိုင်မကြီး ဟုသိရပါသည်။ သူမ၏ ပညာကိုကား သူ့သမီးအား တသက်စာ အမွေပေးခဲ့ပါသည်။ ထိုပညာမျိုးကား မလိမ္မာသောသူများကို ပေး၍မရပါ။ အလိမ္မာခဲ သားသမီးကို ပေးမှရသည်။ အချို့သော တစ္ဆေမွေးစားသောအိမ်များတွင်ကား ထမင်းအိုးတည်ပြီး ဦးဦး ဖျားဖျား နေ့ညကျွေးမွေးရသည်။ ထိုသို့မလုပ်က မွေးသောသူအား ပြန်စားမည်ဖြစ်သည်။ မွေးထားသော တစ္ဆေအား မိမိအလိုရှိသလို ခိုင်းစေကြသည်။ ကျွန်တော်သိသလောက်ကား ထိုသူများလည်း မကြီးပွားကြပေ။
အချို့သော မှော်ဆရာများအား ကျွန်နှော်တွေ့ဖူးသည် ခေါင်းရင်းဖျားတွင်မထိုင်ကြ ထိုသူများကား အထက်လမ်းအောက်လမ် းနှစ်ခုစလုံးတတ်သူများ ဖြစ်သည်။ အချို့အထက်လမ်း ဆရာများမှာ ခေါင်းရင်းတွင် ပင်ထိုင်ကြသည်ကို တွေ့ဖူးသည်။ မကြာခဏ လူစားသော ကျွန်တော်တို့ ရွာမှချောင်းနှင့်တံတားတွင် ရေနစ် ဆုံးသောသူများသည် ယောကျ်ားဖြစ်လျှင် ဒူးထောက်လျှက် မောက်ခုံမှောက်ကာ ဆုံးနေလေ့ရှိသည်။ မိန်းမဖြစ်လျှင် ပက်လက်ဆုံးနေလေ့ရှိသည်။
ထူးဆန်းသောဓလေ့ကား တခြားရွာမှ အိမ်ထောင်ကျလာ၍ ၎င်းတို့ရွာတွင် နေထိုင်ကြမည် ဆိုပါက ကြက်ဖို၊ကြက်မတစ်ကောင်စီ တောင်ဖက်အရပ်သို့ တစ်ကောင် မြောက်ဖက်အရပ်သို့ တစ်ကောင်လွှွှတ်ရခြင်း ဖြစ်သည်။ ဤကားထိုရွာ၏ဓလေ့အစဉ်အလာတစ်ခုဖြစ်သည်။(ရွာခံလူတစ်ဦး၏ ဖွင့်ဟဝန်ခံချက်ကိုရေးသားထားခြင်းဖြစ်ပါသည်။)
nyi nyi