ကြံကြံဖန်ဖန် ကရင်ပြည်နယ်က လွှတ်လိုက်တဲ့ မီးပုံးပျံ မိုင်ထောင်ချီတဲ့ ဗီယက်နမ်နိုင်ငံမှာ ကျဆင်းခဲ့
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ခွဲ၊ ပိုင်ကျုံမြို့ကနေ ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် လွှတ်တင်လိုက်တဲ့ မီးပုံးပျံ တစ်ခုဟာ ဗီယက်နမ်နိုင်ငံမှာ ကျဆင်းခဲ့ပါတယ်။
အဆိုပါ မီးပုံးပျံမှာ လွှတ်တင်လိုက်တဲ့ အကြောင်းအရာနဲ့ ပိုင်ရှင်အမည်တွေကို မြန်မာစာနဲ့ ရေးသားထားတဲ့ မှတ်တမ်းစာ တစ်စောင်နဲ့ မြန်မာငွေစက္ကူတချို့လည်း ပါဝင်တာကို ဗီယက်နမ် လူမှုကွန်ယက်စာမျက်နှာတွေမှာ ဖော်ပြထားပါတယ်။
မီးပုံးပျံဟာ ဗီယက်နမ်နိုင်ငံတောင်ပိုင်းရှိ တတိယအကြီးဆုံးမြို့ဖြစ်တဲ့ စီတာဒယ်မြို့အရှေ့ပိုင်းက ဧရိယာ ၁၀ မှာ ကျဆင်းခဲ့တာဖြစ်ပါတယ်။
အဲဒီအဖြစ်အပျက်ကြောင့် လူတွေ စုရုံးလာရောက် ကြည့်ရှုခဲ့ကြပြီး ရဲတပ်ဖွဲ့ကလည်း လာရောက်စစ်ဆေးခဲ့တာကို လူမှုကွန်ယက်ပေါ်က ဗီဒီယိုတွေမှာတွေ့မြင်ရပါတယ်။
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့က လွှတ်တင်လိုက်တဲ့ မီးပုံးပျံဟာ မိုင်ထောင်ချီဝေးတဲ့ ဗီယက်နမ်နိုင်ငံထဲကို သွားရောက် ကျဆင်းခဲ့တဲ့ အဖြစ်ကတော့ ကြံကြံဖန်ဖန် အဖြစ်အပျက် တခုလို့ပဲ သတ်မှတ်ရပါတော့မယ် ခင်ဗျာ။