မြို့ယောင်ဆောင်ထားတဲ့ တောနက်ကြီး ရန်ကုန်ဆီကို လုံးဝမလာသင့်တဲ့ အချက် (၁၉) ချက်
ရန်ကုန်ကို မလာပါနဲ့၊ ဒီအချက်တွေနဲ့ ငြိနေရင် လုံးဝ မလာပါနဲ့
(၁) မီးပျက်တာသည်းမခံ နိုင် ရင် ရန်ကုန်ကို မလာ ပါနဲ့ (၂) မီးပျက်ပြီးပူလို့အိပ်ရေး ပျက်တာ မခံ နိုင် ရင် ရန်ကုန်ကို မလာ ပါနဲ့ (၃) အီးပီစီ ကလေးတွေလက်ဆော့တဲ့ဒဏ် ဂဂျီဂဂျောင်ကျတဲ့ဒဏ်မခံနိုင်ရင် ရန်ကုန်ကိုမလာပါနဲ့ (၄) နှာခေါင်း အနှိုက်မခံချင်ရင် ရန်ကုန်ကို မလာပါနဲ့
(၅) အစား အစာ ဂျီး များ လွန်း ရင် ရန်ကုန်ကို မလာ ပါနဲ့ (၆) ရှမ်းခေါက်ဆွဲကို ရှမ်းပြည်လို အတူတူပဲ ရမယ်ထင်ရင် ရန်ကုန်ကိုမလာပါနဲ့ (၇) ပေါ့ပေါ့ နေ ပေါ့ပေါ့စား လုပ် ချင် ရင် ရန်ကုန်ကို မလာပါနဲ့ .. (ဆားလေးလေး ခတ်တတ်လို့ပါ) (၈) ပလာတာကို ထပ်တရာလို့ခေါ်ရင် ရန်ကုန်ကို မလာပါနဲ့ (ရောက်သူ တိုင်းတစ်ခါ လောက် တော့မှားခေါ် ဖူးလို့ပါ)
(၉) မိဘ ဆွေမျိုး ချစ်သူ ယောက်ကျားနဲ့ မခွဲနိုင် ရင် ရန်ကုန်ကို မလာ ပါနဲ့ (Q ၇ ရက်လောက် ဝင်ရလို့ပါ) (၁၀) တစ်ယောက်တည်း လိုင်းကားတိုးမစီးတတ် ရင် ရန်ကုန်ကို မလာ ပါနဲ့ (ကိုယ့်ဟာကိုယ်တိုးတက်ရတာပါ… ဘယ်သူမှ ကိုယ့်အတွက် လမ်းမဖွင့်ပေးပါဘူး) (၁၁) ကားရှိရင်လည်း ကားပါကင်အတွက် ရန်မဖြစ် ချင်ရင် ရန်ကုန်ကိုမလာ ပါနဲ့ (၁၂) သူဌေးသား သူဌေး သမီးလို ဘောဂျိတ်ပုဇွန်စားရမယ်ထင်ရင် ရန်ကုန်ကို မလာ ပါနဲ့
(၁၃) (အရေးကြီးဆုံး အချက် ) ထမင်းစား ရေသောက်ပြီး ငွေမရှင်းနိုင်ရင် ရန်ကုန်ကို မလာ ပါနဲ့ (၁၄) စပိုင်စီအနက်ရောင် မစားနိုင်ရင် ရန်ကုန်ကိုမလာပါနဲ့ (၁၅) လမ်းလျှောက်နေရင် ကွမ်းတံတွေးတွေကို မရှောင်ချင်ရင် ရန်ကုန်ကို မလာပါနဲ့ (၁၆) မီးလာတဲ့အချိန်မှာ ထမင်းချက်တာမပြီးသေးဘူး ဟင်းအိုးတည်ရတာကိုပါ
မလုပ်နိုင်ရင် ရန်ကုန်ကို မလာပါနဲ့
(၁၇) သူများကိုပဲအားကျပီးစိတ်ကူးတွေနဲ့မလာပါနဲ့ သေချာစဉ်းစားပါ သူများမြို့နော်ကိုယ့်မြို့မဟုတ်ဘူး ကိုယ့်မြို့မှာတောင် သည်းခံပီးလုပ်ရတာ ရန်ကုန်မှာဆိုရင်အဲ့ထက်ဆိုးတာတေကြုံရမှာ အာ့ကြောင့်စိတ်မလောပါနဲ့ (၁၈) ရောက်ခါစ ၆ လလောက် ဟော့ပေါ့နဲ့ မာလာရှမ်းကော မစားပဲ မနေနိုင်ရင် ရန်ကုန်ကိုမလာပါနဲ့ (၁၉) အမြဲဖုန်းကိုင်ပြီး အင်တာနက်ဖွင့် VPN မရှိပဲ ဖဘ အမြဲ သုံးချင်တဲ့ဘ၀မျိုးဆို မလာပါနဲ့
လာပြီး ကာ မှ စိတ်ဓာတ်တွေ ကျ ပြီး ရန်ကုန်မကောင်းကြောင်းပြောနေတာ တွေ မကြားချင်လို့ပါ။ ရှိသေး ရင် နောက်ထပ် အချက်များ ထပ်မံ့ ဖြည့်စွက်ပေးနော်၊
တချို့ မိတ်ဆွေများ လာမယ်တဲ့ စိတ်ခိုင်မာမူမရှိပဲ Express ကားခ နဲ့ မွဲမယ်နော်
AWH