ဒီလိုအချိန်မျိုးမှာ သတိမေ့နေတဲ့ အဘွားကိုမှ စွန့်ပစ်ရက်ကြတယ်ဗျာ (ရွှေပြည်သာမှာ ဖြစ်သွားတာပါ)

ရွှေပြည်သာမြို့မှာ စွန့်ပစ်ခံခဲ့ရတဲ့ သနားစရာ အဘွားတယောက်အကြောင်းကို ဖော်ပြလိုက်ပါတယ်။

ဒီအဘွားကို ရွှေပြည်သာမြို့နယ် သံလမ်းမှတ်တိုင် အနီးဗိုလ်ချုပ်လမ်းမ တန်းဘေးမှာထိုင်နေတာတွေ့လို့ကျနော်တို့ ရပ်ကွက်က ကင်းစောင့်တဲ့သူတွေက တာဝန်အရ အဘွားဘယ်ပြန်မှာလဲ ထပ်မေးတော့ လှိုင်သာယာပြန်မှာလို့ ပြောတယ်။ နောက်တခေါက် အဘွားပြန်မယ့်နေရာ ထပ်မေးတော့ သံလျင်လို့ပြောပြန်ရော။

“ငါ မသိတော့ဘူး ငါ မမှတ်မိတော့ဘူး လို့လဲပြောတယ်။ ထပ်မေးတော့။ ငါ ကြည့်မြင်တိုင် ကနေလာတာ”လို့ထပ်ပြောပြန်ရောသူ့ကြည့်ရတာ ဘာမှမမှတ်မိတဲ့ပုံပါပဲ။ ကျနော်တို့ ရပ်ကွက်ကလူကြီးတွေကတော့ တာဝန်အရ သူ့မှာပါလာတဲ့ ပစ္စည်းတွေ စစ်ကြည့်တော့။ မုန့်တချို့၊ အကျီတချို့နဲ့ အအေးဘူးလေးတစ်ဘူး ပါပါတယ်။

အဘွားကို ထပ်မေးကြတော့ “ငါ့ကိုမှန်လုံကားနဲ့ ချသွားတာ”လို့ပြောပါတယ်။ ဘာမှမေးလို့မရဘူး မေးလဲအမျိုးမျိုး အဖြေထွက်နေတာပါ။ နာမည်က ဒေါ်သန်းသန်းမြင့်လို့ ပြောပါတယ်။ အသက်ကတော့ ၇၀ လောက်ရှိပါပြီ။ ကျနော်တို့လည်း ဘယ်သူ့မှ ခုချိန်မှာ ယုံလို့မရတဲ့ အတွက်ကြောင့် ရပ်ကွက်ကပဲ စောင့်ရောက်ကြည့် ထားပါတယ်။ ထမင်းလဲကျွေးထားပါတယ်ခဗျ။

အဘွားက အမှန်ပဲ လမ်းပျောက်တာလား သူပြောတဲ့အတိုင်း သူ့ကိုမှန်လုံကားနဲ့ ချသွားတာ တကယ်ပဲလားဆိုတာ ကျနော်တို့လဲမေးလို့မရဘူး ဖြစ်နေပါတယ်။ ခုအဘွားကို ရွှေပြည်သာမြို့နယ်၊ သံလမ်းမှတ်တိုင် ၅/၁ ရက်ကွက်ဓမ္မာရုံမှာထိန်းသိမ်းထားပါတယ်။

အဘွားကို သိရှိသူများ အကြောင်းကြား ပေးကြပါဦးဗျာ။ မုန့်နဲ့ အအေးဘူး ပါတယ်ဆိုတော့ အိမ်ကနေ သတိမေ့ပြီး ထွက်လာတာ မဟုတ်ဘဲ စွန့်ပစ်ထားခဲ့တဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။

သားသမီးဖြစ်စေ၊ ဆွေမျိုးနီးစပ် ဖြစ်စေ သက်ကြီးရွယ်အို အဘွားကို မကျွေးမွေး မပြုစုနိုင်ရင်တောင် အခုလို ကာလကြီးမှာ မစွန့်ပစ်သင့်ပါဘူး။ စောင့်ရှောက်တဲ့ ဂေဟာဖြစ်ဖြစ် ပို့လိုက်သင့်ပါတယ်။ အခုတော့ သတိမေ့နေတဲ့ အဘွား တယောက်ထဲ ယောင်လည်လည် ဖြစ်နေတာ အရမ်းသနားဖို့ကောင်းပါတယ်ဗျာ။

အဘွားတယောက် စောင့်ရှောက်သူတွေနဲ့ အမြန်တွေ့ပါစေလို့ ဆုတောင်း လိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page