ပြန်ခေတ်စားလာတဲ့ ဂျင်းကွက်ဟောင်း (နိုင်ငံခြားသားက ဒေါ်လာလက်ဆောင် ပို့မယ်ဆို မယုံကြပါနဲ့)
နံနံဂျားကနေ လက်ဆောင်ပို့လိုက်တယ်ဆိုထဲက ဒါဟာ လူတိုင်းသိတယ် လိမ်ဆင်မှန်း အပြောခံရတဲ့သူက ရိုးရိုးအအ တောသူလေးမို့ ကိုယ့်ကို ဖုန်းဆက်ပြီး မေးရှာပါတယ် မနက်ထဲက လိမ်ဆင်မှန်းတန်းသိလို့ လူပိန်းနားလည်အောင် ရှင်းပြပြီးပြီ ..
ဒါလဲ မဟုတ် စုံစမ်းပေးပါတဲ့ ဖုန်းနံပါတ်တစ်ခုပေးတယ် ကျေနပ်အောင် ဆက်မေးပေးလိုက်တယ် နံနံဂျားက လက်ဆောင်လာထုတ်ဖို့ ဘယ်လာရမလဲ ဆိုတော့ ဘယ်နိုင်ငံက ဘာပစ္စည်း ဘယ်သူက ဘယ်သူ့ကို ဆိုတာတွေမမေး K pay က 13 သိန်း အရင်လွှဲပြီးမှ ထုတ်လို့ရမယ်တဲ့။
ရုံးကိုလာမယ်လေ ဆိုတော့ မင်္ဂလာဒုံလေဆိပ်မှာ ဘာ ဘလူး ဆိုလားမသိ မေ့သွားလို့ အဲ့ကုမ္ပဏီတဲ့ လူတွေ့လက်မခံပါဘူးတဲ့ ဒါနဲ့ စုံစမ်းခိုင်းတဲ့ အစ်မကို ပြန်ပြောပြလိုက်တာပေါ့ မယုံချင်သလိုလိုနဲ့ ဟယ် ဟုတ်လား ဆိုပဲ ..
အခုညလဲ ထမင်းစားနေရင်း ဇာတ်လမ်းက မပြီးဘူး အဲ့အစ်မရဲ့ အဒေါ်ကပါ ဖုန်းဆက်တယ် ဟိုလူက မင်းအရမ်းမိုက်တယ် ငါ့လက်ဆောင်တွေ ပြန်ယူမယ်ဆိုပြီး ငိုကြီးချက်မနဲ့ တဲ့ သူတို့မယ် အခုထိ ငါပြောတာမယုံကြ ရေနှစ်ဘူးကုန်တယ် ရှင်းပြရတာ .. တကယ်။
လေဆိပ်ကိုသွားပြီး မ…. နာမည်နဲ့ သွားမေးပေးပါလားတဲ့ မနက်က ဖုန်းဆက်မေးပေးတာပဲ ကျေးဇူးတင်လို့ လေဆိပ်ထိ အဲ့လိုသွားမေးရင် အဲ့ကဟာတွေက စောက်ရူးလို့ပြောပြီး ထိုင်ဟားနေလိမ့်မယ် ဆိုတော့ လက်ဆောင်ပုံးအပြင် ဒေါ်လာတွေပါ ပါတယ်တဲ့။
ဪ ဒေါ်လာတွေပါရဲ့သားနဲ့ 13 သိန်းက ဘာလို့တောင်း ပြီးတော့လေ ဒေါ်လာတွေတကယ်ပါရင်လေ ဆွဲစိခံရမယ် သိလား ဆိုတော့ ကိုယ့်ကို စိတ်ဆိုးတယ် အဲ့ တူဝရီးနှစ်ယောက်က ရှက်လို့သာ သူစိမ်းလိုလို ပြောပြနေတာ တကယ်က ခံနေရတာ အစ်မတစ်ဝမ်းကွဲ အမေ့တူမ။
ရေနှစ်ဘူးသာ ကုန်သွားတယ် လက်မခံဘူးဗျား အကြောကလဲရှယ်တင်း တုံးချက် ပိန်းချက်ကလဲ ရှယ်ပဲ ဒီလိုပြောရင် စိတ်မဆိုးကြေး မယုံရင် အခုပို့စ်မှာ လာပြောကြမယ့် မန့်တွေထိုင်ဖတ်လေနော် ကိုယ့် စေတနာတွေ ဝေဒနာဖြစ် ..
ဟို ခသတစ ကိုလဲ သွားအပ်ထားတယ် ဘိုလို သွားဆဲမို့ I am very worried now အဲ့လိုလေးပေါ့
Htay Nwe Soe