သူနာပြုနဲ့ သူနာပြုအကူကို အခုထိ အတူတူပဲလို့ ထင်နေကြတုန်းလား (မတူတာကို မညှိကြပါနဲ့)
Nurse (သူနာပြု)& Nurse aid(သူနာပြုအကူ) ကို ဘယ်တော့မှ ကွဲကြမှာလဲ။ အနီနဲ့ နီညို မတူဘူးလေ အော်။ ဖြူနီ မြင်တိုင်း nurse nurse nurse နေကြတာပဲ
nursing student (သူနာပြုကျောင်းသူ) ဆိုရင်တောင် ခေါင်းမှာ Cap ပါတယ် ။ Nurse aid (သူနာပြုအကူ)နဲ့ Nurse(သူနာပြု) မတူဘူး ။ ၈တန်းအောင်နဲ့ ၁၀တန်းအောင် ကွာတယ် ။ ၁၀ တန်းအောင်တာချင်း တူရင်တောင် အမှတ်ပေါင်းနဲ့ ဝင်ခွင့်အမှတ်မီမှ သူနာပြုတက်လို့ရတာ ။
သူနာပြု နဲ့ သူနာပြုကို ကူရတဲ့ အကူကွာတယ် ။ မတူတာကို ဘောင် လာ မညှိကြနဲ့ ။ ဘယ်သူ့သမီးလေးလဲ သူနာပြုသင်တန်းတက်လို့ သူ့တို့က သိပ်အကြာကြီး မတက်ရဘူးတော် တက်တာ မြန်ချက်ပဲ ခုဆို ဘာလုပ်နေပြီ ညာလုပ်နေပြီ ရှင့်သမီးက မပီးသေးဘူးလား ကြာတယ်နော် အချိန်တွေ ပုပ်တာပေါ့….လုပ်ရတာချင်း အတူတူပဲ ဘလာ ဘလာ ဘလာ
မသိနားမလည်ရင် ပါးစပ် မသရမ်းနဲ့လေ အော်။တချို့ မေမေ တွေ ပိုဆိုး တို့သမီးလဲ သူနာပြုလေနဲ့က လုပ်သေးတာ၊ ပြုံးပဲ ပြလိုက်ပါတယ်။
ဝါဝါမြင်တိုင်း ရွှေပဲ ရွှေပဲ လုပ်သူတွေကို ဒဲ့ပြောတာ၊ ၃လတက်ပြီး ၄နှစ်သမားကို ခြေရာလာတိုင်းတာ ဘယ်လို ဖြစ်နိုင်မလဲ။ သူနာပြုအကူက သူနာပြုယောင်မဆောင်နဲ့ ။ Nurse ဆိုပီး လွယ်လွယ် မသုံးနဲ့ ။
uniform က အစ ethic တွေ ရှိရတယ် ။ နကန်းတစ်လုံးမှမသိဘဲ ငါလဲသူနာပြုလို့ပြောရင် သွား ၃၂ ချောင်းလုံးကို ပုဂံပို့ပစ်ချင်တာ
Emily Emily