ပြန်လည်ရှင်သန်လာတဲ့ အိပ်မက်၊ အလှဆုံး အပြုံးနဲ့ မိဘကို လုပ်ကျွေးနိုင်တော့မယ့် ညီမလေး
အိမ်မက်တွေ ပြန်လည် အသက်သွင်းပေးနိုင်ခဲ့ပြီ
ဆရာ…သမီး အဖေနဲ့အမေ့ကို…လုပ်ကျွေးနိုင်ပြီပေါ့။ ဆယ်ကျော်သက် အရွယ်…အသက် (၁၇)နှစ် အရွယ်မှာ…ကံတရားက ရက်စက်လိုက်တယ်။ အဖွားကို ရွာမှာ စျေးရောင်းကူးရင်း…ကံဆိုးစွာ ကြံရည်စက် ညှပ်ပြီ လက်ပြတ်ခဲ့ရတယ်။
စိတ်ဓာတ်တွေကျပြီ…အပြင်မထွက်ပဲ…အချိန်ပြည့် ဝမ်းနည်းပြီ ငိုနေရှာတယ်။ တနှစ်ကျော် ကြာပြီတဲ့ အချိန်မှာ… ကျနော့်ဆီ ရောက်လာခဲ့တယ်။ တွေ့တဲ့အချိန်တိုင်းလဲ…အချိန်ပြည့် ငိုနေရှာတယ်…ဝမ်းနည်းနေရှာတယ်
မငိုပါနဲ့ သမီး…ကိုကြီး ရအောင် ကြိုးစားပေးမယ်…သမီး အိမ်မက်တွေ ပြန်လည် အသက်သွင်းပေးနိုင်အောင် ကြိုးစားမယ် သမီး။ တခုပဲ…ကတိပေး…သမီး အမြဲ ပြုံးထားပါ…စိတ်ဓာတ်မကျပဲ နေရမယ်ဆိုတဲ့ ကတိပဲ ပေး၊ ဟုတ်ကဲ့ရှင့်…သမီး ကတိပေးပါတယ်။
သမီး ဂျူသီလှိုင်ရဲ့ အိမ်မက်တွေ ပြန်လည် အသက်သွင်းပေးနိုင်ခဲ့ပါပြီ။ ကျနော့်ကို…ပစ္စည်းဖိုးပဲ ပေးရပြီ ပညာရှင်ဖိုး မယူပဲ…အခမဲ့ ကူညီပေးသော…ဆရာထွန်းလတ် နှင့် ဆရာအဲဖလပ်တို့အား အထူးကျေးဇူးတင်ရှိပါတယ်ဗျ။
(ကျနော်နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား သမီးလေး ကိုယ်စား အထူးကျေးဇူးတင်ပါတယ်ဗျ)
ဪ ဆယ်ကျော်သက်အရွယ် မိန်းကလေးတယောက်ရဲ့ ရိုးသားတဲ့ အပြုံးလေးကို ပြန်ပြီ ရှာဖွေ ပေးနိုင်ခဲ့ပြီ
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ