တနှစ်အတွင်း ပိုက်ဆံ သိန်း (၁၀၀) သေချာပေါက် ရအောင် စုနည်း (တကယ်စုရင် တကယ်ရပါတယ်)

သိန်း(100)ကို တစ်နှစ် (365)ရက်နဲ့ စားပါ။ တစ်ရက် စုရမယ့် ငွေပမာဏထွက်လာမယ်။ တစ်လ စုရမယ့် ငွေပမာဏ သတ်မှတ်ပါ။ စုရမဲ့ငွေကို အရင်နုတ်ပြီးမှ ကျန်တာ သုံးပါ။ (သုံးပြီးမှ မစုပါနဲ့)

တစ်လအတွင်း ကိုယ်ဘယ်အရာအတွက် ဘယ်လောက်သုံးမယ်ဆိုတာ ဘတ်ဂျက်ဆွဲပါ။ ကော်ဖီလျှော့သောက်ပါ။ (ကိုယ်တိုင် ဖျော်သောက်ပါ) ဆိုင်မှာ ဝယ်သောက်တာထက် ငွေကုန်သက်သာစေပါတယ်။

အိမ်မှာပဲ ချက်ပြုတ်စားသောက်ပါ (အပြင်စာ ဝယ်စားတာတွေ လျော့ပါ)။ အရမ်းမလိုအပ်ပဲ အီလက်ထရောနစ် ပစ္စည်းတွေ မဝယ်ပါနဲ့။ (အကုန်အကျ များပါတယ်)။ ဆေးလိပ်၊ အရက်၊ ဘီယာ တွေ မသောက်နဲ့ (အကုန်အကျ များပြီး ကျန်းမာရေးထိခိုက်စေလို့၊ ကျန်းမာရေးအတွက်ပါ အကုန်အကျရှိပါတယ်)

ကိုယ့်ကိုယ်ကို အရမ်းကြီး ခနခန ဆုမချပါနဲ့။ (Branded အိတ်တွေ၊ Branded နာရီတွေဆိုတာ အရမ်းကို အကုန်အကျ များပါတယ်) ခဏခဏ ကိုယ့်ကို ဆုချမယ်ဆိုရင် ငွေတွေ မကုန်သင့်ဘဲ ကုန်သွားလိမ့်မယ်။

လိုချင်တာနဲ့ လိုအပ်တာကို ခွဲခြားတတ်ပါ။ ဒီအချက်တွေအားလုံးကို စနစ်တကျ လိုက်ပြီး လုပ်နိုင်တယ်ဆိုရင် (၁)နှစ် ကုန်သွားတဲ့အချိန်မှာ သင် ငွေ သိန်း (၁၀၀) ကို သင်ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page