မြန်မာပြည်က ထွက်တဲ့ ကမ္ဘာ့ဈေးအကြီးဆုံး အရုဏ်ဦး ပတ္တမြားကြီးအကြောင်း
Sunrise Ruby (အရုဏ်ဦး ပတ္တမြားကြီး)
မြန်မာနိုင်ငံ မိုးကုတ် ဒေသထွက် ဖြစ်ပြီး အလေးချိန် ၂၅.၅၉ ကာရတ် ရှိပါတယ်။
Pigeon Blood (ခိုသွေး) အရောင်ဖြစ်ပါတယ်။ ၂.၄၇ ကာရတ်နဲ့ ၂.၇ ကာရတ်ရှိတဲ့ စိန် နှစ်ပွင့် ထည့်ထားတယ်။
ပတ္တမြားလက်စွပ်ကို ကာတီးယား ကုမ္ပဏီက ပိုင်ဆိုင်တာဖြစ်ပြီး ၂၀၁၅ ခုနှစ် မေလမှာတော့ ဆွဇ်ဇလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ လေလံပွဲမှာ လေလံတင်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ပတ္တမားကြီးကို အမေရိကန် ဒေါ်လာ ၃၀.၄၂ သန်းနဲ့ လေလံအောင်သွားပြီး စျေးအကြီးဆုံးပတ္တမြားအဖြစ် စံချိန်တင်သွားခဲ့တာ ဖြစ်ပါတယ်။