မိုးတွေရွာပြီး ထူးကဲ အအေးပိုမယ့် ဒေသတွေကို ပညာပြည့်ဝ နှလုံးလှတဲ့ ဆရာမလေး စုစုစံ ပြောလိုက်ပြီ

၂၀၂၂ ဖေဖော်ဝါရီလ ၁၉ ရက် ၂၀ ရက်နေ့တွေမှာ မွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်း ဧရာဝတီတိုင်း ပဲခူးတိုင်း အရှေ့ပိုင်း ကယားပြည်နယ်တွေမှာ မိုးကြီးနိုင်ပြီးအအေးပိုလာမှာဖြစ်ပါတယ်။ (ခန့်မှန်းချိန် ၁၆-၂-၂၀၂၂ ည ၇ နာရီ ၇ မိနစ်)

၂၂-၂-၂၀၂၂ရက်နေ့ ချင်းပြည်နယ် စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ် ရှမ်းပြည်နယ်တွေမှာ မိုးရွာနိုင်ပါတယ်။ (ခန့်မှန်းချိန် ၁၆-၂-၂၀၂၂ ညနေ ၄ နာရီ ၃၄ မိနစ်)

ဆောင်းမိုးနှင့်အတူ ထူးကဲအအေးပိုမည်။ ၂၀၂၂ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းတွေမှာ ဆောင်းမိုးတွေရွာနိုင်ပြီး

၂၁ ရက်နေ့မှ ၂၃ ရက်နေ့အတွင်း ထိုင်းနိုင်ငံ တနင်္သာရီတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ပဲခူးတိုင်း ရန်ကုန်တိုင်း ဧရာဝတီတိုင်းတွေမှာ ထူးကဲအအေးပိုမှာဖြစ်လို့ အသက်အရွယ်ကြီးရင့်သူများနှင့်ကလေးငယ်များကိုနွေးနွေးထွေးထွေးဖြစ်အောင်ထားပေးပါ

မိမိကိုယ်တိုင်လည်း နွေးနွေးထွေးနေပါ ရာသီဥတုဖောက်ပြန်မှု့ကြောင့် ကျန်းမာရေး အထူးဂရုစိုက်ကြပါလို့ အကြံပြုလိုက်ရပါတယ်နော်။(ခန့်မှန်းချိန် ၁၆-၂-၂၀၂၂ ရက်နေ့ မနက် ၆ နာရီ ၁၇ မိနစ်)

အများသိရှိကြစေရန် မျှဝေ ပေးကြပါ။ ကျန်းမာရေးအတွက်အရေးကြီးသလို မိုးလေဝသအခြေအနေ ရာသီဥတုကို တည်မှီလုပ်ကိုင်နေကြရသူတွေအတွက်လည်း အရေးကြီးပါတယ်။

Su Su San (Senior Meteorologist, Advanced Weather Forecaster & Meteorological Intelligence Officer)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page