တနေ့လုံး ငါးရောင်းမှ (၃၀၀၀) လောက်ပဲ ရတဲ့ ဆီးချိုရောဂါရှင် အသက် (၇၆) နှစ်အရွယ် အဘွား
အဖွားက ငါးစိမ်းသည်ပါ…သားလေး ညစ်ပတ်ကုန်မယ်
အဖွား အသက်(၇၆)နှစ်တဲ့။ တူမအိမ်မှာ ကပ်နေပါတယ်။ မနက်ဆို စျေးထဲမှာ ငါးတွေ တဆင့်ပြန်ယူရောင်းပါတယ်။
အဖွား ဘာငါးတွေ ရောင်းလဲဗျ? ငါးကြင်းသား ငါးဖယ်ရမယ် သားလေး၊ ငါးကြင်းသားက ဘယ်လိုရောင်းတုန်း?
သားလေး ဘယ်လောက်သား လိုချင်လဲ အဖွား လုပ်ပေးမယ်လေ၊ တကောင်လုံးဆို ဘယ်လောက်လဲ အဖွား၊ (၃) ထောင်ပဲ ပေးပါ သားလေး…စျေးဦးပေါက်မလို့ပါ
ဟုတ် အဖွား (၂)ကောင်ပဲ တွေ့တယ်နော်…ရှိသေးလား၊ အဖွားမှာ (၂)ကောင်ပဲ ပါတယ်…အဖွားက တဆင့်ပြန်ယူရောင်းရတာ
ဪ…ဒါတွေ အကုန် ရောင်းရရင် အဖွားအတွက် ဘယ်လောက်ကျန်တုန်း၊ (၃)ထောင်လောက် ကျန်တယ် သား…အဖွား စားဖို့လေး ရတာပေါ့ သားရယ်။
အဖွား တကယ်လို့ ဒီနေ့ ပိုက်ဆံ အများကြီး အဖွားဆီ ရောက်လာမယ်ဆို ဘာလုပ်ချင်လဲ၊ အဖွား ဆေး ဝယ်မယ် သား…အဖွား ဆီးချိုရှိတော့ အဖွား ခြေထောက်က အနာက အရမ်းဆိုးနေတယ်…ဆေးဝယ်မယ်…ဆေးခန်းပြချင်တယ်။ (အဖွား ချက်ချင်းဆိုသလို ပြန်ဖြေတာ…စဉ်းတောင် မစဉ်းဘူး ဆေးခန်းပြချင်တာတဲ့)
ဟုတ် အဖွား…ဒါဆို သားကို အဲ့ ငါးကြင်း (၂)ကောင် ပေးပါ…သား ယူမယ်။ ဘယ်လောက်ကျလဲ အဖွား? သားလေး (၂)ကောင်ဆိုတော့ (၆)ထောင်ပါ သားလေး၊ ဝမ်းသာလိုက်တာ…မနက်စောကြီး စျေးဦးပေါက်ပြီ
အဖွား ရော့ ငါးဖိုး ၁၀၀၀၀၀၊ အဖွား ငါးထောင်တန်တွေ အများကြီး တွေ့ပြီ၊ သားလေး…သား ပိုက်ဆံတွေ အများကြီး ပိုနေတယ်…အများကြီး တထပ်လိုက်ကြီး မှားပေးမိပြီနော်။
မမှားပါဘူး အဖွားရေ…အဖွား ဆေးခန်းပြပြီ ဆေးလိမ်းဖို့ပါ… သားကို ငါး တကောင် (၅)သောင်းနဲ့ရောင်းလိုက်…နှစ်ကောင်ဆိုတော့ (၁)သိန်းပေါ့
အဖွား ငိုပါလေရော…မျက်ရည်တွေကျလာရော… အဖွား အနားကို သွားတော့…. သားလေးရယ်…အဖွားက ငါးစိမ်းသည်ပါ…ညစ်ပတ်နေတာ၊ သားလေး အဖွားနားလာရင်…ညစ်ပတ်ကုန်ပါမယ် သားလေးရယ်။
ဟာ…မဟုတ်တာ အဖွားကလဲ…မညစ်ပတ်ဘူး…အဖွား မငိုနဲ့တော့နော်…သားပါ ငိုချင်လာပြီ။ သားလေး မငိုပါနဲ့…အဖွား ကျေးဇူးရှင် မျက်ရည်ကျတာ အဖွား မကြည့်ချင်ဘူး (အဖွား ဆုတွေ အများကြီးပဲ ပေးရှာတယ်)
ဒါဆို အဖွား အိမ်စောစောပြန်ပြီ…ဆေးခန်းပြနော် အဖွား၊ (ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးသော (၇)ရက်သားသမီးများအား အဖွား ကိုယ်စားကျေးဇူးတင်ရှိပါတယ်ဗျ)
ဪ…အဖွား ငိုနေတာကြည့်ပြီ…ရင်ထဲမှာ အရမ်း ခံစားရတယ်…အမြန်ဆုံး အဆင်ပြေပါစေ အဖွားရယ်
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ