မကြာမီ ရပ်နားတော့မယ့် အဝေးပြေးယာဉ်လိုင်းများနဲ့ ပြောင်းလဲသွားတဲ့ ယာဉ်စီးခနှုန်းထားများ

ရန်ကုန်အခြေစိုက် အောင်မင်္ဂလာ အဝေးပြေးယာဉ်လိုင်းများရဲ့ လက်ရှိဖြစ်ပေါ်နေသော ယာဉ်စီးခ နှုန်ထားများကို ဖော်ပြပေးလိုက်ပါတယ်။ ရန်ကုန်−မန္တလေးခရီးစဉ်အတွက် ရိုးရိုးကားလက်မှတ်စျေးနှုန်းများမှာ ၂၂၀၀၀၊ ၂၃၀၀၀၊ ၂၅၀၀၀ ကျပ်နှင့် အထူးကား (VIP) စျေးနှုန်းများမှာ ၃၀၀၀၀၊ ၃၃၀၀၀ ကျပ်၊ ရန်ကုန်−နေပြည်တော်ခရီးစဉ်အတွက် ရိုးရိုးကားလက်မှတ်စျေးနှုန်းများမှာ ၁၇၀၀၀၊ ၁၈၀၀၀ ကျပ်နှင့် အထူးကား (VIP) စျေးနှုန်းများမှာ ၂၁၀၀၀ ကျပ်

ရန်ကုန်−တောင်ကြီး ခရီးစဉ်အတွက် ရိုးရိုးကားလက်မှတ်စျေးနှုန်းများမှာ ၂၅၀၀၀ ကျပ်နှင့် အထူးကား (VIP) စျေးနှုန်းများမှာ ၃၀၀၀၀ ကျပ်၊ ရန်ကုန်−လားရှိုးခရီးစဉ်တွက် ရိုးရိုးကားလက်မှတ်စျေးနှုန်းများမှာ ၃၅၀၀၀၊ ၄၀၀၀၀ ကျပ်နှင့် အထူးကား (VIP) စျေးနှုန်းများမှာ ၄၅၀၀၀ ကျပ်

ရန်ကုန်−မူဆယ် ခရီးစဉ်အတွက် ရိုးရိုးကားလက်မှတ်စျေးနှုန်းများမှာ ၅၀၀၀၀ ကျပ်နှင့် အထူးကား (VIP) စျေးနှုန်းများမှာ ၆၀၀၀၀ ကျပ်၊ ရန်ကုန်−ပြင်ဦးလွင် ခရီးစဉ်အတွက် ရိုးရိုးကားလက်မှတ်စျေးနှုန်းများမှာ ၂၀၀၀၀၊ ၂၃၀၀၀၊ ၂၅၀၀၀၊ ၂၇၀၀၀ ကျပ်နှင့် အထူးကား (VIP) စျေးနှုန်းများမှာ ၃၃၀၀၀၊ ၃၅၀၀၀ ကျပ်

ရန်ကုန်−ပုဂံ ခရီးစဉ်အတွက် ရိုးရိုးကားလက်မှတ်စျေးနှုန်းများမှာ ၂၀၀၀၀၊ ၂၂၀၀၀၊ ၂၃၀၀၀၊ ၂၅၀၀၀၊ ၂၆၀၀၀ ကျပ်နှင့် အထူးကား (VIP) စျေးနှုန်းများမှာ ၃၀၀၀၀ ကျပ်၊ ရန်ကုန်−မကွေး ခရီးစဉ်အတွက် ရိုးရိုးကားလက်မှတ်စျေးနှုန်းများမှာ ၂၂၀၀၀၊ ၂၃၀၀၀၊ ၂၅၀၀၀ ကျပ်

ရန်ကုန်−မြင်းခြံ ခရီးစဉ်အတွက် ရိုးရိုးကားလက်မှတ်စျေးနှုန်းများမှာ ၂၂၀၀၀၊ ၂၅၀၀၀ ကျပ်၊ ရန်ကုန်−မုံရွာ ခရီးစဉ်အတွက် ရိုးရိုးကားလက်မှတ်စျေးနှုန်းများမှာ ၂၀၀၀၀၊ ၂၂၀၀၀၊ ၂၅၀၀၀ ကျပ်နှင့် အထူးကား (VIP) စျေးနှုန်းများမှာ ၃၀၀၀၀ ကျပ်

ရန်ကုန်−မြစ်ကြီးနား ခရီးစဉ်အတွက် ရိုးရိုးကားလက်မှတ်စျေးနှုန်းများမှာ ၄၅၀၀၀ ကျပ်နှင့် အထူးကား (VIP) စျေးနှုန်းများမှာ ၅၀၀၀၀၊ ၅၅၀၀၀ ကျပ်၊ ရန်ကုန်−မော်လမြိုင် ခရီးစဉ်အတွက် ရိုးရိုးကားလက်မှတ်စျေးနှုန်းများမှာ ၁၂၀၀၊ ၁၅၀၀၀၊ ၁၆၀၀၀ ကျပ်နှင့် အထူးကား (VIP) စျေးနှုန်းများမှာ ၂၁၀၀၀ ကျပ်

ရန်ကုန်−မြဝတီ ခရီးစဉ်အတွက် ရိုးရိုးကားလက်မှတ်စျေးနှုန်းများမှာ ၂၀၀၀၀၊ ၂၅၀၀၀ ကျပ်၊ ရန်ကုန်−မြိတ် ခရီးစဉ်အတွက် ရိုးရိုးကားလက်မှတ်စျေးနှုန်းများမှာ ၄၀၀၀၀၊ ၄၅၀၀၀၊ ၅၅၀၀၀ ကျပ်၊ ရန်ကုန်−ကော့သောင်း ခရီးစဉ်အတွက် ရိုးရိုးကားလက်မှတ်စျေးနှုန်းများမှာ ၇၅၀၀၀ ကျပ်၊ ရန်ကုန်−ငပလီ ခရီးစဉ်အတွက် ရိုးရိုးကားလက်မှတ်စျေးနှုန်းများမှာ ၂၀၀၀၀၊ ၂၅၀၀၀ ကျပ်

ရန်ကုန်−တောင်ကုတ် ခရီးစဉ် အတွက် ရိုးရိုးကားလက်မှတ်စျေးနှုန်းများမှာ ၂၀၀၀၀၊ ၂၂၀၀၀၊ ၂၅၀၀၀ ကျပ်၊ ရန်ကုန်−စစ်တွေ ခရီးစဉ်အတွက် ရိုးရိုးကားလက်မှတ်စျေးနှုန်းများမှာ ၃၅၀၀၀၊ ၄၀၀၀၀ ကျပ်နှင့် အထူးကား (VIP) စျေးနှုန်းများမှာ ၅၀၅၀၀ ကျပ်

ရန်ကုန်−မြောက်ဦး ခရီးစဉ်အတွက် ရိုးရိုးကားလက်မှတ်စျေးနှုန်းများမှာ ၃၅၀၀၀၊ ၃၅၅၀၀၊ ၄၀၀၀၀ ကျပ်နှင့် အထူးကား (VIP) စျေးနှုန်းများမှာ ၅၀၅၀၀ ကျပ် အသီးသီးဖြင့် ပြေးဆွဲပေးနေတာတွေ့ရပါတယ်။ နာမည်ကြီးယာဉ်လိုင်းအများစုရဲ့ စျေးနှုန်းများကို စုစည်းဖော်ပြ ပေးထားတာဖြစ်ပြီး အချိန်နဲ့အမျှစျေးနှုန်းအပြောင်းလဲရှိနိုင်ပါတယ်။

စက်သုံးဆီ ဈေးနှုန်း အဆမတန် မြင့်တက်လာမှုနဲ့ လုံခြုံရေး အခြေအနေတွေကြောင့် အဝေးပြေး ယာဉ်လိုင်း တချို့ ရပ်နားရတော့မယ်လို့ သိရပါတယ်။ ကိုဗစ်ကြောင့် ခရီးသွားလုပ်ငန်းများ ရပ်နေရာမှ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း လမ်းပန်းဆက်သွယ် ရေး အခက်အခဲများ၊ နှောင့်နှေးကြန့်ကြာမှုများ၊ လုံခြုံမှုမရှိသည့် အခြေအနေများ စသည်တို့နှင့် ရင်ဆိုင်နေရချိန် စက်သုံးဆီ ဈေးမှာလည်း ၂၀၂၂ ခုနှစ် ဧပြီလ နောက်ပိုင်းမှ စ၍ မြင့်လာရာ လက်ရှိ တလီတာ ကျပ် ၂၃၀၀ ဝန်းကျင်မှ ကျပ်၂၅၀၀ နီးပါးအထိ ဒေသအလိုက် ဖြစ်ပေါ်လျက် ရှိပါတယ်။

အဝေးပြေး ခရီးသည်တင်ယာဉ်လိုင်းများမှာ အာဏာသိမ်းပြီးနောက်ပိုင်း ခရီးသည်ရရှိမှု နည်းပါးသဖြင့် ခရီးသည်နှင့် ကုန်စည်တွဲ၍ သွားသည်က များသော်လည်း ယခုအချိန်တွင် ကုန်စည်ရမှုကလည်း နည်းပါးလာသဖြင့် အခက် အခဲများ တွေ့လာခြင်းကြောင့် တချို့ လမ်းကြောင်းများကို ရပ်ဆိုင်းလာရခြင်း ဖြစ်ပါတယ်။

ယာဉ်လိုင်းပြေးဆွဲမှု ရပ်တန့်လိုက်သည့် လမ်းကြောင်းများမှာ လုံခြုံမှုအန္တရာယ် စိတ်မချရသည့် စစ်ကိုင်း၊ မကွေးတိုင်း တို့ဘက်မှ လမ်းကြောင်းများလည်းရှိသလို တချို့ယာဉ်လိုင်းများက မိုးရာသီဖြစ်သည့်အတွက် အပန်းဖြေနေရာများ သွားလာသည့် လမ်းကြောင်းများ၊ ရန်ကုန်- ပုဂံလမ်းကြောင်းများ၊ ကမ်းခြေလမ်းကြောင်း အစရှိသည်တို့ကို ပြေးဆွဲမှု ခေတ္တရပ်နားခြင်းများရှိကြောင်း ယာဉ်လုပ်ငန်းရှင်များထံမှ သိရပါတယ်။

ရန်ကုန်-မန္တလေး ကုန်ကျစရိတ်မှာ ယာဉ်မောင်းခ၊ ဂိတ်ကြေး အပါအဝင် Express ကားတစီးလျှင် ကျပ် ၁၀ သိန်း ဝန်း ကျင် အကြမ်းဖျင်း ကုန်ကျစရိတ်ရှိပြီး တချို့အခေါက်များက အရင်းပြန်ရသော်လည်း တချို့ ရှုံးသည့် အခေါက်နှင့် ကြုံရ လျှင် ကျပ် ၁ သိန်းမှ ၃ သိန်း ဝန်းကျင်အထိ အရှုံး ရှိကာ မြတ်သည့်အခေါက်ရေမှာ နည်းပါးနေတယ်လို့ သိရပါတယ်။

လက်ရှိတွင် စက်သုံးဆီဈေး မြင့်တက်မှုများကြောင့် တချို့ ခရီးစဉ် ကားလက်မှတ်ခများမှာ ကျပ် ၂၀၀၀ ဝန်းကျင်မှ စ၍ တက်နေသလို တချို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဒေသများတွင် ကျပ်သောင်းဂဏန်းအထိ ဈေးနှုန်းများ မြင့် နေကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page