အလုပ်သေချာပေါက် ရစေနိုင်တဲ့ အစီအရင် (၄) မျိုး (ယုံယုံကြည်ကြည် လုပ်ရင် ပို၍ ထူးခြားပါမည်)
(၁) အလုပ်ရစေ သက်စိစေဂါထာ
ဥုံ တာပုန္န ဂဗ္ဘိမာတာတေ ကတွာ ဟေတွာ
ဗလံ ဝိဇ္ဇာရိတံ ပုတ္တံ သုခေနစ။
မည်သူမဆို အလုပ်မရှိသေး၍ အလုပ်တစ်ခုကို အမြန်ဆုံးရှာနေသောသူများ ဒီအစီအရင်အတိုင်း ဆောင်ရွက်ကြပါ။ ထိုအစီအရင်သည် အလုပ်အမြန်ရစေသော အစီအရင်ပင်ဖြစ်ပါသည်။
ဒီဂါထာကလေးကို လက်ရေးဖြင့်ကူးယူပြီးလျှင် ဖယောင်းတိုင် တစ်တိုင်လျှင် ဂါထာစာရွက် တစ်ရွက်ကပ်ပါလေ။ ပြီးလျှင် နံက်ကိုးနာရီတိုင်း ထိုဖယောင်းတိုင်ကို မီးထွန်း၍ ဘုရားပူဇော်ပြီး ဆုတောင်းပါလေ။
ဖယောင်းတိုင် မကုန်မီ အလုပ်သစ်ကို ရပေလိမ့်မည်။ အသက်(၄၀)ရှိသော လူ အလုပ်ရှာလိုလျှင် ဖယောင်းတိုင် အတိုင်(၄၀)လုပ်ရမည်။ အသက်(၂၀)ရှိသောလူ အလုပ်ရှာလိုလျှင် အတိုင်(၂၀)လုပ်ရပါမည်။
(၂) ကလေးတယောက်ကို လွယ်အိတ်တလုံး လက်ဆောင်ပေးရင်း အလုပ်ရအောင်ဆုတောင်းပါ။
(၃) အလုပ်ရစေ ယတြာ
ကြွေပန်းကန်ပြားတစ်ချပ်ထဲတွင် သဲအနည်းငယ် ထည့်ပါ။ သဲပေါ်တွင် အာလူးတစ်လုံး တင်ထားပြီး အာလူးပေါ်တွင် အောင်လံလေးလက် စိုက်ထူပြီး နေအိမ်ဘုရားတွင် မီးပူဇော် အလုပ်အတွက် လိုရာဆုတောင်းပါ။ “၁၀ယောက်တွင် ၈ယောက် အောင်မြင်ခဲ့သော အလုပ်ရစေ” ယတြာဖြစ်ပါသည်။
(၄) ပဥ္စပွတ်ဆောင်၍ အလုပ်ရစေ
တနင်္ဂနွေသားသမီးများ ကြာသပတေးထောင့်၌ လည်းကောင်း ၊ တနင်္လာသားသမီးများ သောကြာထောင့်၌ လည်းကောင်း ၊ အင်္ဂါသားသမီးများ စနေထောင့်၌ လည်းကောင်း ၊ ဗုဒ္ဓဟူးသားသမီးများ တနင်္ဂနွေထောင့်၌ လည်းကောင်း ၊
ကြာသပတေးသားသမီးများ တနင်္လာထောင့်၌ လည်းကောင်း ၊ သောကြာသားသမီးများ အင်္ဂါထောင့်၌ လည်းကောင်း ၊ စနေသားသမီးများ ဗုဒ္ဓဟူးထောင့်၌ လည်းကောင်း တန်ခိုးကြီးဘုရား တစ်ဆူဆူထံ သွားရောက်ကာ ဆီမီးဖယောင်းတိုင်နှင့် ပန်း ၇ မျိုးကိုပူဇော်လျက် အလုပ်အကိုင်ရရန် ဆုတောင်းပါ။ ထူးခြားမှုရှိလာကာ အလုပ်အကိုင်များ ရရှိအဆင်ပြေ ပါလိမ့်မည်။
လင်းညို့တာရာ