ရွှေမြန်မာတွေမှာ တချိန်က ပေါများစွာ ရှိခဲ့ပြီး ယခု ပျောက်ဆုံးသွားခဲ့တဲ့ အရာတခု (ဝမ်းနည်းစရာပါပဲ)
မလေးရှားမှာ ပြတိုက်တခု ကို သွားတယ်။ ဝင်ကြေးက ၃ ဒေါ်လာ။ ရောက်သွားတဲ့အချိန် က ညနေ ၄ နာရီလောက် ဆိုတော့ ပြတိုက်ဝန်ထမ်း အဖိုးကြီးက ပြောတယ် မိန်းကလေး မင်းမနက်ဖြန် မှ လာကြည့်ပါလား
၅ နာရီ ဆို ပြတိုက် ပိတ်တော့မယ်။ ၁ နာရီလောက်နဲ့ မင်း နှံ့အောင် ကြည့်နိုင်မှာမဟုတ်ဘူး .. တဲ့။ ကျမ မနက်ဖြန် မနက် ပြန်မှာမို့ ပြန်လာဖို့ မဖြစ်နိုင်ပါဘူး ဆိုတော့ ဒီလိုဆို ဝင်ကြေးမပေးပဲ ကြည့်သွားပါ ဆိုလို့ ဝင်ကြည့်ဖြစ်ခဲ့တယ်
ညနေ က ပြင်ဦးလွင် ကန်တော်ကြီး ဥယျာဉ် ကို လာတယ်။ ၄ နာရီကျော်လောက် ပေါ့။ အပေါက်ဝ မှာ ဝင်ကြေး တယောက် ၂၀၀၀ နဲ့ ၁၀ ယောက် ၂ သောင်း ပေး ခဲ့တယ်။
ဥယျာဉ်ထဲ လည်း ဝင်ရော ကလေးတွေကို နိုင်ငံခြားသားတွေ မို့ ၅ ဒေါ်လာ ပေးရမယ် တယောက် ၇၅၀၀ တဲ့ .. အဲဒါနဲ့ တယောက် ကို လိုတဲ့ ၅၅၀၀ ထပ်ပေးကြရတယ်။
အဲဒီ အချိန် မှာ အချိန် က ၄:၃၀ လောက် ဖြစ်သွားတော့ ဘာဂီ ကားလည်း ငှားမရ တော့ဘူး ဘက်ထရီ ကုန် သွားလို့ တဲ့။ ပြတိုက်တွေက ၅ နာရီ ပိတ်သတဲ့ ..
အဲဒါကို လုံးဝမပြောဘူး ၅ ဒေါ်လာကို မရ အရ တောင်းတယ်။ ဒါဆို အခု ပြန်ထွက်မယ် ဒီလက်မှတ် နဲ့ မနက်ဖြန် ဝင်လို့ ရလား ဆိုတော့ မရဘူး တဲ့ ..
လူဆိုတာလေ ဒေါသထွက်တာ ရော ဝမ်းနည်းတာရော ပေါင်းပြီး တုန် လာတယ်။ ပိုက်ဆံနှမျောတာမဟုတ်ဘူး စိတ်ကောင်းစေတနာ ရှားပါးတဲ့အဖြစ် ကို ဝမ်းနည်းတာ။
ကလေးတွေ ယောင်ချာချာ နဲ့ ဟိုနားရပ် လိုက် ဒီနားရပ် လိုက်နဲ့ ပြန်ခဲ့ရတယ်။ ပန်းပွဲတော် က ပြောပ လောက်အောင်လည်း မထူးဆန်းဘူးလေ။ သူတို့ နိုင်ငံမှာ ပန်းတွေက ဒီထက်တောင် လှသေး။
၅ ဒေါ်လာ ရအောင် ယူလိုက်ပြီး ဘာမှ ပြန်မပေးလိုက်နိုင်တာကို ရှက်စရာကောင်းမှန်းလည်း မသိကြဘူး။ နိုင်ငံခြားသားက နိုင်ငံခြားသား ဝင်ကြေး ပေးရမယ် ဆိုတာ မှန်ပါတယ်။ သူတို့ တောင်းရမှာ သူတို့ right ဆိုတာလည်း မှန်တယ်။
ဒါပေမယ့် ဘာ ပျောက်ဆုံးနေလဲ သတိထားမိလား။ လူသားဆန်မှုပေါ့။ မျှမျှ တတ နဲ့ သူများအတွက် တွေးခေါ်ပေးတတ်တဲ့ လူသားဆန်မှု ပျောက်ဆုံးနေတာ။ ပြန်ထွက်လာတော့ သူတို့ ရှေ့ မှာပဲ ကလေးတွေ ကို ကျမ တောင်းပန်လိုက်တယ်။
၅ ဒေါ်လာ ယူဖို့ ပဲ သိပြီး ကျန်တာ မတွေးတဲ့ စိတ်ဓါတ်တွေအတွက် ရှက်လို့ ရွှေမြန်မာတွေ ကိုယ်စား အန်တီတောင်းပန်ပါတယ် လို့ ပြောလိုက်တယ်။
ကလေးတွေကို ပြတိုက်တွေက ပိတ်တော့မှာ မို့ ဒီတိုင်း local rate ၂၀၀၀ ကျပ် နဲ့ ဝင်ရင် လည်း ဝင်ခွင့် ပြုလိုက်သင့်တာပေါ့။
ဒါမှမဟုတ် ၅ ဒေါ်လာ လိုချင်ရင်လည်း ပြတိုက်တွေ ပိတ်တော့မှာမို့ မနက်ဖြန်မှ လာဖို့ ပြောသင့်တာပေါ့။ အဲဒီက ဝန်ထမ်းတွေကိုလည်း လူသားဆန်မှုကို ကိုယ့်လုပ်ပိုင် ခွင့် ထဲက လုပ်တတ်ရင် လုပ်နိုင်ရင် ကုသိုလ်ရတဲ့ အကြောင်း စာနာစိတ်ဆိုတာ ထားသင့်ကြောင်း ပြောတော့ ပြောခဲ့ လိုက်တာပဲ
နားလည်နိုင်စွမ်း ရှိမရှိတော့မသိ။
Chaw Sukhita