သင်္ချိုင်းကိုးခု မှော်ပီယအကြမ်းဆေး စီရင်နည်း (ဆေးကြမ်းဖြစ်တာကြောင့် ဘေးထွက်ဆိုးကျိုး ရှိပါတယ်)
အစွမ်းထက်တဲ့ ပီယဆေးကိုမှ လိုချင်ကြတဲ့သူတွေအတွက် သင်္ချိုင်းကိုးခု မှော်ပီယ အကြမ်းဆေး စီရင်နည်းကို ဖော်ပြ ပေးလိုက်ပါတယ်။
အကြမ်းဆေး ဖြစ်တာကြောင့် ဘေးထွက်ဆိုးကျိုးများ ရှိနိုင်ပါတယ်။ အဲဒါကြောင့် ဆေးကို စီရင်ခြင်း မပြုမီ ဆောင်ရန် ရှောင်ရန်များကို သိထားရန် လိုအပ်ပါတယ်။
သင်္ချိုင်းကိုးခု မှော်ပီယ အကြမ်းဆေးဟာ သောက်ဆေး မဟုတ်ပါ ဆောင်ဆေး ဖြစ်ပါတယ်။ အတိုက်ဆေး ၊ ဆေးကြမ်းဖြစ်တာကြောင့်မို့ လာဘ်ပိတ်တတ်ပါတယ်။
ပီယကိစ္စများအတွက် အကြမ်းသုံးဖြစ်ပါတယ်။ သူ့ချည်းသက်သက်ထက် ပီယအင်း ၊ ပီယဖယောင်းတိုင်များဖြင့် တွဲဖက် အသုံးပြုသင့်ပါတယ်။ လိုအပ်လျှင်တော့ သွေးရောစပ်ပြီး ပီယအတိုက် ပြုလုပ်နိုင်ပါတယ်။
သင်္ချိုင်းကိုးခု မှော်ပီယ အကြမ်းဆေးမှာ ပါဝင်တဲ့ ပစ္စည်းတချို့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
(၁) သင်္ချိုင်း (၉) ခုမြေ၊ (၂) နတ်စင်မြေ၊ (၃) လမ်းဆုံမြေ၊ (၄) လိပ်ဂမုန်း၊ (၅) နံ့သာဖြူ၊ နံ့သာနီ၊ (၆) ဆားနက်၊ (၇) ကာမေဒဝီပီယဆေး၊ (၈) သူရဿတီအောက်ဆေး
လင်းညှို့တာရာ