ရေတွင်းတူးပြီး တသက်လုံး စုလာတဲ့ ငွေ ၄၅ သိန်းကို အကုန်လှူပစ်လိုက်တဲ့ စေတနာဇောတိကကြီး
မကွေးတိုင်း ဒေသကြီး စလင်းမြို့က စေတနာဇောတိကကြီး တဦးရဲ့ အလှူကို သာဓုခေါ်နိုင်ဖို့အတွက် ပြန်လည် ဖော်ပြ ပေးလိုက်ပါတယ်။
ဦးသန်းစိန်က အဝီစိတွင်း စက်ရေတွင်း အငှားလိုက်တူးပေးပြီး ရေတွင်းတူးခများ ရရှိသမျှကို ခြိုးခြံချွေတာ စားသောက်နေထိုင်ပြီး ခြစ်ခြစ်ကုပ်ကုပ် စုဆောင်းလိုက်တာမှာ စုဆောင်းရရှိငွေ ၄၅၀၂၀၀ဝိကျပ် (လေးဆယ့်ငါးသိန်းနှစ်ထောင်ကျပ်) ရရှိပါတယ်။
အဲဒီထဲကနေ ၂၀၀ဝကိုသာ သုံးစွဲရန် ချန်ထားပြီး လေးဆယ့်ငါးသိန်း ကျပ်ကို စလင်းမြို့ သာသနဟိတနေ့စဉ်အရုဏ်ဆွမ်းလောင်းအသင်းကြီးသို့ ရာသက်ပန် ငွေပင်ငွေရင်း ပဒေသာပင်အဖြစ် စိုက်ထူလှူဒါန်းခဲ့ပါတယ်။
စေတနာရှင်ကြီး လှူခဲ့တဲ့ အလှူငွေဟာ သူဌေးသူကြွယ်တွေ လှူတဲ့ ပမာဏထက် မများပေမယ့်လည်း ကိုယ့်မှာ ရှိတဲ့ ငွေမှန်သမျှ အားလုံးနီးပါးကို လှူဒါန်းခဲ့တာကြောင့် လုံ့လဝီရိယ စိုက်ထုတ်မှုမှာ အများကြီး သာနေတာကို တွေ့မြင်ရပါတယ်။
ယခုစာကို ဖတ်ရှုသူများကလည်း လှူဒါန်းတာကို တွေ့မြင် သဒ္ဓါပွားပြီး တတ်နိုင်သမျှ လှူကြပါလို့ နှိုးဆော် တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။
UPho Thar