ဆင်းကတ် တခု နှစ်သောင်းနဲ့ ရောင်းပြီး အင်တာနက် အခွန် တိုးကောက်မည်ဟု စကစ ကြေညာ

အင်တာနက် အခွန်များကို တိုးကောက်မယ်လို့ ကြေညာလိုက်တဲ့ စကစရဲ့ ကြေညာချက်ကို အောက်မှာ အကျဉ်းချုပ်၍ ဖော်ပြ လိုက်ပါတယ်-

တခြားနိုင်ငံတွေမှာ ကုန်သွယ်လုပ်ငန်းခွန်အပြင် ကဏ္ဍအလိုက် သီးခြားအခွန်တွေ ကောက်ခံနေသော်လည်း မြန်မာပြည်မှာ မကောက်ရသေး၊

မြန်မာပြည်မှာ အင်တာနက်သုံးသူ အလွန်များတဲ့အတွက် နိုင်ငံ့ဝင်ငွေ တိုးတက်ဖို့နဲ့ အင်တာနက် အလွန်အကျွံသုံးစွဲလို့ ပြည်သူတွေ အလုပ်ပျက် အကိုင်ပျက် ဖြစ်ကြလို့၊ ကျောင်းသား ကျောင်းသူတွေ စိတ်ပိုင်း ရုပ်ပိုင်း ထိခိုက်လို့ လျှော့သုံးအောင် အခွန်ကောက်ခြင်း ဖြစ်၊

ဖုန်းခေါ်ဆိုမှုနှင့် မက်ဆေ့ သုံးစွဲမှုကို မကောက်ပါ။ လူ့အရင်းအမြစ်နဲ့ ကျန်းမာရေး ကိစ္စများအတွက် လျှော့ပေးပါမည်၊

အင်တာနက်လိုင်း ပိုကောင်းအောင် လုပ်ပေးမယ်၊ ၂၀၂၁ ခုနှစ် ပြည်ထောင်စု အခွန်အကောက် ဥပေဒမှာ အခွန်တိုးကောက်ဖို့ ထည့်သွင်းပြီးဖြစ်၊

ဆင်းကတ် တခုကို ၂ သောင်းဖြင့် ရောင်းမည်ဟု သိရ၊

အထက်ပါ အချက်တွေကတော့ စကစရဲ့ ကြေညာချက် အကျဉ်းချုပ်ပဲ ဖြစ်ပါတယ်။

မြန်မာပြည်သူတွေကတော့ ကုန်ဈေးနှုန်း၊ အင်တာနက်ဈေးနှုန်းနဲ့ အခွန်တွေကြားမှာတော့ နစ်သထက် နစ်လာမှာ အသေအချာပါပဲ ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page