လက်ရှိအချိန်မှာ အလွန်ရောင်းရနေတဲ့ ပါမစ်မြေကို ဝယ်တော့မယ်ဆိုရင် သိထားသင့်တဲ့ အချက်များ

ပါမစ်မြေသည် စာရွက်စာတမ်းအတုပြုလုပ် ရောင်းချမှုအလွန်များသော မြေအမျိုးအစားတစ်မျိုး ဖြစ်သည်။ စာရွက်စာတမ်းများတွင် အတုအစစ်ရှိနိုင်သဖြင့် မြေချပါမစ်မှန်ကန်မှု ရှိ/မရှိ စစ်ဆေးလိုကြပေသည်။

ထို့ကြောင့် ပါမစ်မြေကွက်ကို ဝယ်ယူရန် စရန်ပေး လိုက်သည်နှင့် ရောင်းသူ၏ လက်ဝယ်ရှိ မြေချပါမစ်မှာ အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ မြေယာဌာနနှင့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနတို့တွင် ပြသစစ်ဆေးခြင်းများပြုကြသည်။

မြေချပါမစ်ဝယ်သူများအနေဖြင့် ယခင်က မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးလက်မှတ်နှင့် စည်းတံဆိပ်ရိုက် နှိပ်ထုတ်ပေးသော ပါမစ်မြေနှင့် ယခု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး လက်မှတ်နှင့်စည်းတံဆိပ်ရိုက်နှိပ်ထုတ်ပေးသော ပါမစ်မြေဟု ပုံစံနှစ်မျိုးရှိနေသောကြောင့် သတိပြုဝယ်သင့်ပေသည်။

ပါမစ်မြေကွက် (အိမ်ရာဆောက်လုပ်နေထိုင်ခွင့်လက်မှတ်မြေကွက်) သည် လွှဲပြောင်းရောင်းချပိုင်ခွင့် မရှိတာကြောင့် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးက မှတ်ပုံတင်အရောင်းစာချုပ်ကိုချုပ်ဆိုပေးခြင်းမရှိပါဘူး။

ထို့ကြောင့် အရောင်းအဝယ်ကတိစာချုပ်အဖြစ်သာချုပ်ဆိုကြပြီး မြေဂရန်သစ်တွေ လျှောက်ထားလေ့ရှိပါတယ်။ ထို့ကြောင့် အိမ်ရာဆောက်လုပ်နေထိုင်ခွင့်လက်မှတ် ပါမစ်မြေကို ဝယ်လျှင် ဥပဒေနှင့်အညီ ပိုင်ဆိုင်ခွင့် မရသေးပါဘူး။

အရောင်းအဝယ် အရပ်ကတိစာချုပ်ချုပ်ဆိုပြီးတော့ ဂရန်သစ် လျှောက်ထားခွင့်ရှိပါတယ်။ ထိုသို့ လျှောက်ထားပြီး မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဂရန်သစ်ထုတ်ပေးသည့်အချိန်မှသာ တရားဝင် ပိုင်ဆိုင်မှုခိုင်မာမှာဖြစ်ပါသည်။

မြေချပါမစ်ဆိုသည်မှာ စည်ပင်မှုမရှိသည့် မြို့သစ်ဒေသများတွင် အိမ်ရာဆောက်လုပ်ဖို့အတွက် စည်းကမ်းချက်တွေ သတ်မှတ်များချပေးထားခြင်းဖြစ်ပါတယ်။

အိမ်ခြံမြေ အရောင်းအဝယ်ပြုကြရာတွင် ပါမစ်မြေကိုအရောင်းအဝယ် အများဆုံးပြုလုပ်ကြသည်ကို တွေ့ရသည်။ ရောင်းအားကောင်းရသည့် အကြောင်းအရင်းမှာ ပါမစ်မြေရောင်းအားကောင်းရခြင်းမှာ စရိတ်ကုန်ကျမှုနည်းခြင်းသည် အဓိကအချက်ဖြစ်သည်။

အရောင်းအဝယ်စာချုပ်ကို အရပ်ကတိစာချုပ်ဖြင့်ချုပ်ဆိုနိုင်သည်။ အဆင့်ဆင့်လွှဲပြောင်း ရောင်းချနိုင်သည်။ အရောင်းအဝယ်အဆက်အစပ် ကွင်းဆက်မပြတ် အရောင်းအဝယ်ကတိစာချုပ်များရှိရန်သာလိုသည်။

ပါမစ်မြေကို ဝယ်ယူမည်ဆိုလျှင်တော့ ဂရန်လျှောက်ထားခြင်း ပြီးဆုံးခြင်းမရှိခင်အချိန်အထိ ပိုင်ဆိုင်မှု အထောက်အထားမခိုင်မာနိုင်ပါဘူး။

သို့ပေမဲ့ ဝယ်ယူခွန်ဆောင်ရန် မလိုအပ်သည့်အတွက် ဝယ်ယူသူများပြားပြီး အဝယ်လိုက်သည့် မြေအမျိုးအစားအဖြစ် အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေခြင်းဖြစ်ပါသည်။

yuzanarland

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page