တပတ်အတွင်း မီး (၄) ခါ လောင်ခဲ့တဲ့ ပုစွန်တောင်ဈေးနဲ့ မြန်မာပြည်ဈေးကြီးတွေရဲ့ သွားရာလမ်း
26-6-2022 က ပုဇွန်တောင်ဈေး (C) ရုံ မီးလောင်ခဲ့တယ်။ မီးသတ်ကား မလာခင် ရပ်ကွက် နဲ့ ဈေးသူဈေးသားတွေ ဝိုင်းကူညီ လို့ မီးငြိမ်းခဲ့တယ်။ မီးသတ်ကားအများအပြား ရောက်လာခဲ့တယ်။ 1-7-2022 မှာ မီးလောင်ပြန်ပြီ။ မီးသတ်ကားတွေ နဲ့ လူနာတင်ယာဉ် လုံခြုံရေးဘာညာ နဲ့ အရင်နေ့လို ဆူညံသွားပြန်တယ်။
၂.၇.၂၀၂၂ ရက်နေ့၊ ၁၈ ၅၅အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးတွင် မီးလောင်မှုဖြစ်ပွားခဲ့ပါသေးတယ်။ ယနေ့ ၃.၇.၂၀၂၂ ရက်နေ့၊ ၀၈ ၀၃ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးမှာ မီးလောင်မှု ဖြစ်ခဲ့ပါတယ်။
ဈေးအသစ်ကြီးဆောက်ချင်နေပြီထင်တယ်။ တစ်ချိန်က သင်္ဃကျွန်းဈေးကြီး မီးလောင်ခဲ့တယ်။ မီးလောင်ပြီး ၃ ရက် အတွင်း ဈေး Plaza Design က အဆင့်သင့် ထွက်လာပြီး အသစ် ဆောက်ခဲ့တယ်။ မင်္ဂလာဈေး အကြိမ်ကြိမ် မီးလောင်တယ်။ နောက်ဆုံးအကြိမ်က မီးလောင်ပြီး ၁၀ ရက်အတွင်း Design အသစ်နဲ့ ဈေး ပုံစံ ထွက်လာတယ်။
မြန်မာ အင်ဂျင်နီယာတွေ အရမ်းတော်ကြတာပါ။ အဆောက်အဦး ဒီဇိုင်း နဲ့ Foundation, Structure, ရေ၊ မီး အကုန်၊ Budget က အစ တစ်ပတ်တည်း နဲ့ Plaza ကြီးရဲ့ Design တွေ အပြီး ဆောင်ရွက်နိုင်နေပြီ။
အခုလည်း ပုဇွန်တောင်ဈေး အသစ် ဒီဇိုင်း ထွက်နေပြီ ထင်တယ်။ ခက်တာက ဈေးသူ ဈေးသားနဲ့ ရပ်ကွက်က မီးငြိမ်းတာ မြန်နေတာပဲ ဈေးအသစ် ဆောက်ချင် ဆောက် ၊ ရပ်ကွက်တော့ သက်ညှာ ကြပါနော်။ (Pyae Phyo Aung)