ဆိုတေး သီချင်းတပုဒ်ကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ ကောင်မလေးတယောက်ရဲ့ ဖွင့်ဟ ဝန်ခံချက်

မှတ်မှတ်ရရ ဒီသီချင်းပေါ်တော့ ငါ ၄တန်း အတန်းပိုင်ဆရာမက စုံညီပွဲမှာ ဒီသီချင်းနဲ့ ငါတို့အတန်းထဲက ဝတဲ့မိန်းကလေးတွေကို က စေချင်တာ အတန်းထဲမှာက စလင်းဘော်ဒီ လေးတွေကခပ်များများ ဝတာဆိုလို့ ငါ အပါအဝင်မှ ၃ယောက်။

အရွယ်နဲ့မလိုက်အောင် ရှက်တတ်ကြောက်တတ်တာကြောင့်ရော ကျန်တဲ့ကောင်မလေးနှစ်ယောက်လောက် မဝတာကြောင့်ရော စုံညီက တဲ့ အဖွဲ့ထဲမှာ ငါ မပါခဲ့ဘူး အဲ့ဒီနှစ်ကစုံညီမှာ ငါတို့အတန်းက အဲ့ဒီသီချင်း သရုပ်ဖော်မှုနဲ့ ဆုကြေးအများဆုံးရတယ် အဲ့ဒီကောင်မလေးနှစ်ယောက်ကိုလည်း တစ်ကျောင်းလုံးက ဖက်တီးမ ဆိုပြီး မှတ်မိသွားတော့တာပဲ။

တစ်လောက ဆိုတေး interview တစ်ခုပြန်တက်လာတော့ ယောကျ်ားလေးတွေက အသံကဘယ်လိုကောင်းတယ် မီးအိမ်ရှင် သီချင်းဟာ ဘယ်အတိုင်းအတာထိပေါက်ခဲ့တယ် သူ့ကိုကြိုက်တယ်ပေါ့ ဝိုင်း share ကြတာ အဲ့မှာ ကိုယ်followထားတဲ့ chubby stylist အစ်မတစ်ယောက်ကလည်း အဲ့ဒီpost ကို share တယ် သူကဘာပြောလဲဆိုတော့ ဒီအဆိုတော်ကို အရမ်းမုန်းတာပဲတဲ့ သူဆိုခဲ့တဲ့ ဖက်တီးမ သီချင်းကြောင့် ကျောင်းမှာ ခေါင်းမဖော်ရဲအောင် အစခံခဲ့ရဖူးတယ် သူလမ်းဖြတ်လျှောက်တာနဲ့ ဘေးကကောင်လေးတွေက အဲ့ဒီသီချင်းကို ထဆိုပြီး နောက်ပြောင်ကြတော့တာပဲတဲ့

ကားတိုက်မှုဖြစ်တယ်ကြားတော့ သိပ်ဝမ်းသာတာပဲ ပြန်ပေါ်လာတဲ့အချိန် ဘာမှသိပ်မမှတ်မိဘဲ စိတ္တဇဝေဒနာရှင်လို ကြောင်တောင်တောင်ဖြစ်နေတာ မြင်ရတော့ ပိုဝမ်းသာတယ်တဲ့ အဲ့ဒီအစ်မရဲ့ postအောက်မှာ မိန်းကလေးတွေတော်တော်များများ သူတို့ဘဝအစိတ်အပိုင်း တစ်ခုမှာလည်း ဒီသီချင်းကြောင့် အနာတရဖြစ်ဖူးကြောင်း ဒီသီချင်းကို ကြားပင်မကြားချင်ကြောင်း ဘယ်လိုကျီစယ် နောက်ပြောင် ခံခဲ့ရကြောင်း ပြန်ရင်ဖွင့်ထားကြတယ်။

ကိုယ်လည်း အဲ့ဒီစာတွေဖတ်ရင်းမှ ကျောက်တော်ကြီးဘုရားပွဲမှာ ပွဲစျေးလျှောက်ရင်း လက်ဖက်ရည်ဆိုင် တစ်ခုကနေ ဒီသီချင်းကိုအကျယ်ကြီးဖွင့်နေလို့ ခေါင်းမဖော်ရဲဘဲ ငုံ့နိုင်သလောက်ငုံ့ပြီး လမ်းလျှောက်ခဲ့ဖူးတာကို ပြန်အမှတ်ရမိတယ် တော်တော်ဆိုးတာပဲ တကယ်ကိုဆိုးတယ်။

သူများခြေထောက်က အနာလေးကို ကျမ ကြည့်ပြီး စိတ်ကမတော်တဆ ရွံလိုက်တာလို့တွေးလိုက်မိတာ နောက်တစ်ရက်ကျ ကျမလက်မှာ ဝဲတွေပေါက်လာတယ် ဝဋ်ဆိုတာ အရမ်းကြောက်ဖို့ကောင်းတာပဲ ဆိုပြီး knowledge sharing လုပ်တဲ့ influencer အစ်မတစ်ယောက် ပြောတာ သွားသတိရတယ် အဲ့ဒီဆိုတေးလည်း ဒီသီချင်းဆိုပြီး မကြာဘူး accident ဖြစ်တာပဲ သူဖန်တီးလိုက်တဲ့ သူများတွေရဲ့ ပူဆွေးသောကတွေ သူ့စီ ဆိုက်ဆိုက်မြိုက်မြိုက် ပြန်ရောက်တဲ့သဘော။

အစားလေးလျှေ ာ့ဖက်တီးမ နင်ဒီထက်ဝရင်ကြည့်မလှ သူဝတ်တဲ့ဘောင်းဘီတွေ XXX size ကွယ် နင့်ဗိုက်နဲ့ဆန့်သလောက်စားရင် ဆန်တွေစျေးကြီးတယ် စ လယ် ဆုံး လူတစ်ယောက်ကို ချိုးနှိမ်တဲ့ ရိုင်းစိုင်းတဲ့ စကားလုံးချည်းပဲ ဘာအနှစ်သာရ ဘာအဆီအနှစ် ဘာအနုပညာမှမဟုတ်ဘူး ပေါ်ပေါ်တင်တင်အောက်တန်းကျလိုက်တဲ့ သီချင်းတစ်ပုဒ်ပဲ သီချင်းလို့တောင်ခေါ်ထိုက်ရဲ့လား မသိပါဘူး။

အခုလည်း အသက်အရွယ် လူကြီးလူငယ်မရွေး ကျားမ LGBT ဆင်းရဲ ချမ်းသာမခွဲ ဘော်ဒီ ရှိန်းမင်း ရပ် ဆိုတဲ့ တိုးတက်မှုတစ်ခုစီ တက်ညီလက်ညီခုန်ကူးနေတဲ့အချိန်မှာ ဒီဆိုတေးဆိုတဲ့ ကောင်က ဒီသီချင်းကို လူတွေအများကြီးနဲ့ဝိုင်းဖွဲ့ပြီး ခေတ်နောက်ပြန်ဆွဲနေပြန်ပြီ။ ဘော်ဒီရှိန်းမင်းထဲမှာ ဝလို့ လှောင်ပြောင်ခံရတာက အဆိုးဆုံးပဲ။

ဒီသီချင်းကြောင့်ပဲ ဝတဲ့လူတော်တော်များများမှာ ဝရင်မလှတော့ဘူး ဝရင် လူတောမတိုးတော့ဘူး ဆိုတဲ့ စိတ်ကင်ဆာတွေ ဖြစ်ကုန်ကြတာ ဖြစ်မယ် ကျန်းမာရေးအတွက် ဝိတ်ချသင့်တယ် ခန္ဓာကိုယ်သွယ်လျရင် ပိုလှတယ် ဆီးချိုသွေးတိုးတွေမဖြစ်အောင် ဝိတ်ချသင့်တယ် ဆိုပေမယ့် မွေးကတည်းက ကိုယ့်ခန္ဓာကိုယ်အချိုးအဆစ်နဲ့ကိုယ် ဖြစ်တည်လာကြတာပဲ ဘယ်သူကတော့ ဝချင်ပါ့မလဲ ဝဝ ပိန်ပိန် ပုခုံး ကြား ခေါင်းပေါက်နေတဲ့ လူတွေပဲနော် နောက်ပြောင်စရာ အကြောင်းအရင်းမရှိပါဘူး အနုပညာအမည်ခံတဲ့ အောက်တန်းစားတွေကို များများ ကျရှုံးစေချင်ပါတယ်။ (Thiri May Kasone)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page