ပိတ်ရက် (၂၇) ရက်ရှိတဲ့ ၂၀၂၃ ခုနှစ် အစိုးရရုံးပိတ်ရက်များ စာရင်း ထွက်ရှိလာပါပြီ

၂၀၂၃ ခုနှစ်ထဲမှာ တရားဝင်သတ်မှတ်ထားတဲ့ အစိုးရ ရုံးပိတ်ရက်များကို ရက်စွဲအတိအကျနဲ့ ပိတ်ရက်ပမာဏများကို ပူးတွဲ ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ-

၁။ လွတ်လပ်ရေးနေ့ (၄-၁-၂၀၂၃) (၁) ရက် ၂။ ပြည်ထောင်စုနေ့ (၁၂-၂-၂၀၂၃) (၁) ရက် ၃။ တောင်သူလယ်သမားနေ့ (၂-၃-၂၀၂၃) (၁) ရက် ၄။ တပေါင်းလပြည့်နေ့ (၅-၃-၂၀၂၃) (၁) ရက် ၅။ တပ်မတော်နေ့ (၂၇-၃-၂၀၂၃) (၁) ရက် ၆။ မြန်မာနှစ်သစ်ကူး ရုံးပိတ်ရက်များ (သင်္ကြန်အကြိုနေ့ မတိုင်မီ လေးရက်မှ စ၍ ၉ ရက်တိတိ) (၉-၄-၂၀၂၃ မှ ၁၇-၄-၂၀၂၃ ထိ) (၉) ရက်

၇။ ကမ္ဘာ့အလုပ်သမားနေ့ (၁-၅-၂၀၂၃) (၁) ရက် ၈။ ကဆုန်လပြည့်နေ့ (၃-၅-၂၀၂၃) (၁) ရက် ၉။ အာဇာနည်နေ့ (၁၉-၇-၂၀၂၃) (၁) ရက် ၁၀။ ဝါဆို လပြည့်နေ့ (၁-၈-၂၀၂၃) (၁) ရက် ၁၁။ သီတင်းကျွတ် ရုံးပိတ်ရက်များ (အဖိတ်နေ့၊ လပြည့်နေ့၊ လပြည့်ကျော် ၁ ရက်နေ့) (၂၈-၁၀-၂၀၂၃ မှ ၃၀-၁၀-၂၀၂၃ ထိ) (၃) ရက်

၁၂။ တန်ဆောင်တိုင် ရုံးပိတ်ရက်များ (အဖိတ်နေ့၊ လပြည့်နေ့) (၂၆-၁၁-၂၀၂၃ မှ ၂၇-၁၁-၂၀၂၃ ထိ) (၂) ရက် ၁၃။ အမျိုးသားအောင်ပွဲနေ့ (၇-၁၂-၂၀၂၃) (၁) ရက် ၁၄။ ခရစ္စမတ်နေ့ (၂၅-၁၂-၂၀၂၃) (၁) ရက် ၁၅။ အီဒုလ်အဿွာဟာနေ့ (၁) ရက် ၁၆။ ဒီပါဝလီနေ့ (၁) ရက်

ကရင်နှစ်သစ်ကူးနေ့ (ပြာသိုလဆန်း ၁ ရက်) သည် ၂၀၂၃ ခုနှစ်အတွင်း ကျရောက်ခြင်း မရှိပါ။ အီဒုလ်အဿွာဟာနေ့ (ကုရ်ဘာနီအီးဒ်) နေ့နှင့် ဒီပါဝလီနေ့များအတွက် ကျရောက်မည့် နေ့ရက်များကို သီးခြား ကြေညာပါမည်။ ဘဏ်ပိတ်ရက်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများက ကြေညာမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page