တလမ်းဝင် တလမ်းထွက် မြေပဲပြုတ်ရောင်းနေရတဲ့ အသက် (၇၀) ကျော် အဘိုးရဲ့ ဝမ်းသာမျက်ရည်

ပျော်လွန်းလို့…ယောင်္ကျားကြီးတန်မယ့်…မျက်ရည်ကျတာပါ သားရယ်

အပြင်သွားတုန်း အဖိုး ကားလမ်းကူးတာလေး တွေ့လို့…ကားပြန်ကွေ့ပြီ။ အဖိုး…အဖိုး လာပါအုံး မြေပဲပြုတ် စားချင်လို့ပါ…ဘယ်လိုရောင်းတုန်း ဗျ

သားရေ…အရင် စားကြည့်ပါ..ကောင်းမှ အားပေးပါ…တဗူး ၁၀၀၀ ကျပ် ပါ သားရယ်။ ဟုတ် အဖိုး…စားကောင်းတယ်ဗျ…ဒါနဲ့ အဖိုး အသက် ဘယ်လောက်ရှိပြီလဲ။ အသက် (၇၀)ကျော်ပါ သားရယ်။ အဖိုးက ဘယ်က လာရောင်းတာတုန်း ဗျ။ အဖိုးက ကြည့်မြင့်တိုင် တဖက်ကမ်းကပါ သားရယ်။

အဖိုး မိသားစုကော။ အဖိုးက မြေး (၈)ယောက်ရှိပါတယ်…အဖိုး တယောက်လုပ်စာပဲ ရှိတာ သားရဲ့။ ဒါတွေ ကုန်မှ အဖိုး ပြန်မှာလား။ ဟုတ်တယ် သား…ဒါတွေ မကုန်မချင်း တလမ်းဝင် တလမ်းထွက် ရောင်းမှာပါ သားရယ်…ဒါမှလဲ အိမ်မှာ ကျန်တဲ့ ကလေးတွေ ထမင်းစားရမှာ?

အော…ဟုတ်…ဒါတွေ အကုန်ဆို ဘယ်လောက်ကျလဲ အဖိုး။ သားရယ် (၁)သောင်းခွဲလောက်တော့ ရမှ အဖိုး အဆင်ပြေမှာ။ အော..ဟုတ် ဒါဆို အဖိုး..သား အကုန်ယူမယ်ဗျာ…ကျနော်က မြေပဲပြုတ်ကြိုက်တယ်ဗျ

ဟာ…ဝမ်းသာလိုက်တာ…အဖိုး ထည့်ပေးမယ်နော်။ ဟုတ် အဖိုး…အိတ်လေး ကိုင်ထားပေး သား အကုန် ထည့်ပေးမယ်ဗျ။ ကျေးဇူးတင်လိုက်တာ သားရယ်… အဖိုး ဒီနေ့ တလမ်းဝင် တလမ်းထွက် မလျှောက်ရတော့ဘူး

အဖိုး ရော့… ၅၀၀၀၀ ကျပ် နော်…အိမ် စောစောပြန်တော့နော် (အဖိုး…မျက်နှာမှာ မျက်ရည်တွေ ကျလာရော) ဟာ…အဖိုး ဘာလို့ ငိုတာလဲ…မငိုပါနဲ့ ဗျာ။

သားရယ်…အဖိုး ပျော်လွန်းလို့…ယောင်္ကျားကြီးတန်မဲ့ ငိုမိတာပါ…အဖိုး ဘဝမှာ ဒါမျိုး တခါမှ မရဖူးပါဘူး သားရယ်။ အရမ်း ပျော်တာပဲ သားရယ်….ကျေးဇူးပါ သားရယ်။

အဖိုး ဂရုစိုက်ပြန်ပါနော်…အဖိုး မငိုနဲ့တော့နော်…သားလဲ သွားတော့မယ်နော်။ ကျေးဇူးပါသားရယ်…ဆုတွေ အများကြီး ပေးရှာတယ်

(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဖိုးကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ)

ဪ…အဖိုး ငိုတော့ ကျနော်လဲ ငိုမိတယ်ဗျာ…နောက်နေ့တွေလံ ရောင်းကောင်းပါစေဗျာ

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page