စကစ ဒေါ်လာဈေးကို ဇွတ်ထိန်းပြီ၊ ဒေါ်လာပုံသေဈေးအတိုင်း မလဲပါက ဖမ်းမည်ဟု ကြေညာချက်ထုတ်

နိုင်ငံခြားသုံးငွေ များရောင်း၀ယ်ဖောက်ကားခွင့် ရသည့် လုပ်ငန်း( AD) များ ၊ လိုင်စင်ရဘဏ်၊ နိုင်ငံခြားငွေများ ၀ယ်ယူ ရောင်းချခွင့် (MC) လိုင်စင်ရဘဏ်၊ လိုင်စဉ်ရဘဏ် မဟုတ်တဲ့ ကုမ္ပဏီ အဖွဲ့အစည်း များက ဖြစ်စေ ၊ နိုင်ငံခြားငွေ ရောင်းချခြင်း၊ ၀ယ်ယူခြင်း၊လဲလှယ်ခြင်း ဆောက်ရွက်တဲ့အခါမှာလည်းကောင်း၊ ငွေလွှဲ လုပ်ငန်းလိုင်စင်ရ ကုမ္ပဏီများက ပြည်ပကို နိုင်ငံခြား ငွေလွှဲပြောင်းခြင်းနှင့် လွှဲပို့ခြင်း တို့ ဆောင်ရွက်တဲ့အခါမှာ ၊ မြန်မာနိုင်ငံ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ရည်ညွန်းငွေလဲလှယ်နူန်း +_ ၀.၃ % (CBM reference rate +_ 0.3) ဘောင် အတွင်း သတ်မှတ် ဆောင်ရွက်ဖို့ ညွန့်ကြားလိုက်ပါတယ်။

အဲဒီ အမိန့် ကြေညာစာဟာ ၁၀၊၈၊၂၀၂၂ ဒီနေ့မှာဘဲ အကျိုးသက်‌ရောက်စေမည်လို့ ဖော်ပြထားပါတယ်။ သတ်မှတ်ထားချက်အား ကျော်လွန် ဆောင်ရွက်မည်ဆိုရင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမူ ဉပဒေ၊ စည်းမျဉ်းတွေအရ အရေးယူ ဆောင်ရွက်မယ်လို့ ဗဟိုဘဏ် ဒုတိယ ဉက္ကဌ ဉီး၀င်းသော်လက်မှတ်နှင့် ထုတ်ပြန်ထားပါတယ်။

ဧပြီလ ၅ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ နိုင်ငံခြားသုံးငွေ လွှဲပြောင်းခြင်းဆိုင်ရာ ညွှန်ကြားချက်ကြောင့် နောက်ဆုံးသတ်မှတ်ခဲ့တဲ့ trading Band (±) ဝ.၅ ရာခိုင်နှုန်းနဲ့ ဆောင်ရွက်ခြင်း ပျက်ပြယ်သွားခဲ့ပြီး ယခုအခါ ဗဟိုဘဏ်က ဝ.၃ ရာခိုင်နှုန်းနဲ့ ပြန်လည်ဆောင်ရွက်ဖို့ ညွှန်ကြားလိုက်ခြင်းလည်း ဖြစ်ပါတယ်။

ယခုလို ဗဟိုဘဏ်ရဲ့ သတ်မှတ်ချက်ကြောင့် ပြင်ပဈေးကွက်အတွင်း တစ်ဒေါ်လာ ၂၆၀၀ ကျပ်ခန့် မြင့်တက်နေတဲ့ အမေရိကန်ဒေါ်လာလဲလှယ်နှုန်းက ဗဟိုဘဏ်သတ်မှတ်ချက်ဖြစ်တဲ့ ၂၁၀၀ ကျပ်အကြား ကွာဟချက် ကျဉ်းမြောင်းလာနိုင်တယ်လို့ စီးပွားရေးအကဲခတ်အချို့က သုံးသပ်ကြပါတယ်။

“သဘောကတော့ သူတို့ သတ်မှတ်ထားတဲ့ ၂၁၀၀ နဲ့ အ လွန်ဆုံး +_၀.၃ ရခိုင်နှုန်းပဲ ခွာပြီး ရောင်းတာဝယ်တာ လုပ်ဖို့ ညွှန်ကြားတဲ့သဘောပါပဲ။ ဒေါ်လာဈေး ကျအောင်လုပ်ချင်တာပေါ့နော်။ ကျမကျဆိုတာတော့ စောင့်ကြည့်ရမှာပေါ့။ မချရင် အရေးယူမှုတွေ လာမှာပေါ့နော်” ဟု ဗဟိုဘဏ်နှင့် နီးစပ်သူ တစ်ဦးက ပြောပါတယ်။

စကစက ဒေါ်လာပုံသေဈေးနှုန်းကို တိုးမြှင့်လိုက်ပြီးနောက် မြန်မာကျပ်ငွေ တန်ဖိုး အလွန်အကျွံ ကျဆင်းနေပြီး စက်သုံးဆီ ဈေးနှုန်းနဲ့ စားအုန်းဆီ ဈေးနှုန်းများ အများအပြား တက်လာကာ ပြည်သူတွေအနေနဲ့ ခက်ခဲ ကျပ်တည်းတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

အာဏာသိမ်းမှုကြောင့် မြန်မာ့ စီးပွားရေး ပြိုလဲမှုကို စကစ အနေနဲ့ လုံးဝ မထိန်းနိုင်တော့ဘဲ ထင်ရာ မြင်ရာ နည်းဗျူဟာတွေနဲ့ လျှောက်လုပ်နေရတဲ့ အနေအထား ဖြစ်နေပါပြီ။ ယခုလည်း ဒေါ်လာဈေးကို သူတို့ သတ်မှတ်ထားတဲ့ နှုန်းအတိုင်း လဲလှယ် လွှဲပြောင်း ရမယ်လို့ ဆိုလိုက်တဲ့အတွက် နိုင်ငံခြားမှာ အလုပ်လုပ်နေသူတွေ၊ သင်္ဘောသားတွေ အနေနဲ့ နစ်နာမှုတွေ ကြုံတွေ့နိုင်ပြီး မှောင်ခို ငွေလဲ ဈေးကွက် ပိုမိုကြီးထွားလာကာ အပြင်ဒေါ်လာဈေး အနေနဲ့ မိုးထိအောင် တက်လာနိုင်ကြောင်း စီးပွားရေး ပညာရှင်များက မှတ်ချက်ပြုနေ ကြပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page