ပြာသိုမှာ ခွာညိုမိုးတွေ ရွာမယ့် ဒေသတွေကို ပြောလိုက်တဲ့ တိကျမှန်ကန် ဆရာမလေး စုစုစံ

ခွာညိုမိုး – ၂၀၂၂ ဇန်နဝါရီလ ၁၄ရက် ၁၅ရက်၁၆ရက်နေ့များတွင် ပဲခူးတိုင်းအနောက်ပိုင်း သာယာဝတီ လက်ပံတန်း မင်းလှ အုတ်ဖို စစ်ကွင်း အိုးသည်ကုန်း ကြို့ပင်ကောက် ဇီးကုန်း နတ္တလင်း တာပွန် ပေါင်းတည် ပုတီးကုန်း သဲကုန်း အင်းမ ပြည် ရွှေတောင် ဒေသများတွင် မိုးအနည်းငယ်မှ အသင့်အတင့်အထိရွာသွန်းနိုင်သဖြင့် ပြာသိုမှာ ခွာညိုပွင့်ချိန်မို့ ခွာညိုမိုးလို့ အမည်ပေးထားပါတယ် (ခန့်မှန်းချိန် ၁၂-၁-၂၀၂၂ ညနေ ၄ နာရီ ၃၀ မိနစ် အချိန်)

ရွာမယ်လေ ဆောင်းသီးနှံအပင်အားတိုး ခွာညိုမိုးတွေ ရွာမယ်လေ – ၂၀၂၂ ဇန်နဝါရီလ ၁၅ရက် နေ့ ၁၆ ရက်နေ့တွေမှာ ပဲခူးတိုင်းအရှေ့ပိုင်း စစ်တောင်မြစ်ဝှမ်းဒေသ ဒိုက်ဦး ပြွန်တန်ဆာ ညောင်လေးပင် ပိန်းဇလုတ် ဖတို ကျောက်တံခါး ညောင်ပင်သာ ညောင်ခြေထောက် တောကျွဲအင်း ဖြူး ဇေယျဝတီ ကျောက်ကြီး မဒေါက် အုတ်တွင်း တောင်ငူ ထန်းတပင် ခွာညိုအပင်အားတိုးမိုးတွေသာဖြစ်နိုင်ပါတယ် (ခန့်မှန်းချိန် ၁၂-၁-၂၀၂၂ ည ၇ နာရီ ၁၅ မိနစ်)

Su Su San (Senior Meteorologist, Advanced Weather Forecaster & Meteorological Intelligence Officer)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page