မြန်မာပြည် ကိုကိုးကျွန်းနားက မုန်တိုင်းကို အဝါရောင်အဆင့် သတ်မှတ် (တိုင်းနဲ့ ပြည်နယ် ၄ ခု မိုးကြီးမည်)

မြန်မာနိုင်ငံ ကိုကိုးကျွန်းနှင့် ဟိုင်းကြီးကျွန်းအနီးရှိ မုန်တိုင်းငယ်ကို အဝါရောင် အဆင့်သတ်မှတ်ထားပြီး ယနေ့ ညနေအထိ ရန်ကုန် အပါအဝင် တိုင်းနဲ့ ပြည်နယ် ၄ ခုမှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ယင်းမုန်တိုင်းငယ် (Depression) ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ် ထားပါတယ်လို့ဆိုပါတယ်။

ယနေ့ ဒီဇင်ဘာလ (၃)ရက်နေ့နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်အရ ဘင်္ဂလားပင် လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၃၈၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၄၇၅)မိုင်ခန့်၊ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်လို့ဆိုပါတယ်။

ယနေ့ညနေအထိခန့်မှန်းချက် များအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါတယ်လို့ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page