ရန်ကုန်မှာ ညလုံးပေါက် လျှပ်စစ်မီး ပြန်ရတော့မည်ဟု ကြေညာချိန်တွင် အမှောင်ကျနေ

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် လျှပ်စစ်မီး ညလုံးပေါက်ရတော့မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) တာဝန်ရှိသူက ပြောပါတယ်။

“အခု မိုးရွာနေပြီဖြစ်လို့ တစ်နေ့ကို မဂ္ဂါဝပ် ၂၀၀ လောက် တိုးပြီးရနေတယ်။ရန်ကုန်တိုင်းကိုတော့အဓိကထားပြီးတော့ ည ၈ နာရီကနေ နောက်နေ့ မနက် ၈ နာရီထိ တောက်လျှောက် ပေးဖို့ လုပ်နေပြီ။ မေလ ၂၅ ရက် ညပိုင်းမှာ သတိထားမိမယ်ဆိုရင် သိကြမှာပါ။ စတင်ပြီးတော့ စမ်းသပ်နေပါပြီ။ တချို့နေရာတွေမှာ မီးအားမနိုင်တာတွေရှိသေးတာကြောင့် ည ၈ နာရီကနေ မနက် ၈ နာရီထိ လို သတ်မှတ်ပေမယ့် ည ၉ နာရီကနေ နောက်နေ့ မနက် ၈ နာရီအထိကတော့ သေချာတဲ့ ပေးဝေမှုကို လုပ်နိုင်ပါပြီ”ဟု တာဝန်ရှိသူက ပြောပါတယ်။

ယင်းအပြင် နေ့ပိုင်းတွင် A , B အုပ်စု နှစ်ခုခွဲ၍ ပေးဝေမည်ဖြစ်ပြီး မီးပေးချိန်ကို နံနက် ၈ နာရီမှ မွန်းလွဲ ၁ နာရီထိ တစ်အုပ်စု ၊ မွန်းလွဲ ၁ နာရီမှ ညနေ ထိ တစ်အုပ်စု သတ်မှတ်ပေးဝေဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း ၊သို့သော် စက်မှုဇုန်များကို နံနက် ၉ နာရီမှ ညနေ ၅ နာရီထိသာ ပေးဝေနိုင်ဦးမည်ဖြစ်ကြောင်းလည်း သိရပါတယ်။

စကစဟာ လက်ထဲက ဒေါ်လာတွေ အကုန်မခံနိုင်တာကြောင့် သဘာဝဓာတ်ငွေ့ ဝယ်ယူမှုကို လျှော့ချခဲ့တာကြောင့် ရန်ကုန်မြို့မှာ လျှပ်စစ်မီးကို အချိန်နဲ့ ပေးနေရတာဖြစ်ပါတယ်။ အဲဒါကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လျော့ကျတယ်လို့ပဲ သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

အဲဒါအပြင်လည်းမီတာခကိစ္စတွေမှာလည်းမီးသာပျက်ပြီးဝန်ဆောင်ခစရိတ်ကြီးမြင့် ပြဿနာတွေအပြင်၊ မီတာ ခ လစဉ်ဆောင်ပြီးတိုင်းလည်းအကြွေးကျန် ထည့်ပေါင်းခံနေရတာနဲ့လည်းကြုံတွေ့နေရတယ်လို့လည်းပြည်သူတစ်ဦးက မှတ်ချက်ပြုထားပါတယ်။ ယခုတကြိမ် ညလုံးပေါက် မီးပြန်လာမယ်လို့ ကြေညာချိန်မှာလည်း ရန်ကုန်တချို့နေရာတွေမှာ လျှပ်စစ်မီး ပြတ်တောက်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page