ရန်ကုန်သားတွေရဲ့ ထူးခြားဆန်းကြယ်လွန်းတဲ့ ပေါင်းသင်းဆက်ဆံရေး (ရန်ကုန်သားတိုင်း မဟုတ်ပါ)

ဒါဖတ်ပြီးမှ ရန်ကုန်သားတွေနဲ့ အပေါင်အသင်း လုပ်ပါ။

ရန်ကုန်မှာ ၃ နှစ်အထက်နေနေတဲ့သူတွေဆို မပေါင်းတာကောင်းတယ်။ အမှန်တကယ် ပေါင်းသင်းဖူးရင်သိလိမ့်မယ်၊ ရန်ကုန်မှာနေတဲ့သူနဲ့ နယ်မှာနေတဲ့သူ၊ ဘာကွာလဲဆိုတာ

ကျနော်ကတော့ နယ်ပေါင်းစုံရောက်ဖူးသလို လူမျိုးပေါင်းစုံလည်းပေါင်းသင်းဖူးတဲ့ ၁၂/ ကိုင် ရန်ကုန်သားတယောက်ပဲ။ ဒါပေမယ့် ပေါင်းရသင်းရတာ ရန်ကုန်ကသူတွေလောက် အကြောကြီးနဲ့ပေါင်းတာမရှိဘူး (လူတိုင်းလို့တော့မဆိုလိုပေမယ့် ရာခိုင်နှုန်းတော်တော်များများ အဲလိုပုံစံပဲ)

ဘာတဲ့ ငါမန်းလေးလာနေတာ သူငယ်ချင်း၊ နင်ရှိတယ်မလား၊ မုန့်လိုက်ကျွေးအုံးနော်က အစ၊ ငါတို့ပြူးလွင်တက်ချင်လို့ ကားငှားမရဖြစ်နေတာ မင်းကားလေးတရက်လောက်အားလား အထိ၊ အဟက် မန်းလေးမှာ ရန်ကုန်လို ကားမပေါဘူးထင်နေပုံရတယ်။

ကိုယ်တွေများ ရန်ကုန်မသွားလိုက်နဲ့ ငါ့ရုံးက Sunday တရက်ပဲနားရတာ အဲတရက်လေးပဲ အနားရတာမို့ နောက်အပတ်ကွာဆိုတာမျိုး၊ ကိုယ်ကပဲ သူ့တွေ့ချင်ရင် ရန်ကုန်မှာ တပတ်စောင့်ပေါ့။

လမ်းမှာများ မတော်တဆ ထိပ်တိုက် မဆုံလိုက်နဲ့၊ စကားစမပြောရသေးဘူး အေးသူငယ်ချင်း အေးဆေးလည်အုံး နောက်ရက်ဆုံမယ်ဆိုပြီး တန်းနှုတ်ဆက်နေပြီ၊ ကိုယ်တွေကို မြို့တက်လည်တယ်ထင်ပုံရတယ်။

ဘီယာဆိုင်မှာထိုင်နေတုန်း ဆုံကြည့် နေနေသယ်ရင်း ငါရှင်းမယ်ဆိုပြီး ပိုက်ဆံအိတ်နှိုက်တာ ၁၅ မိနစ်လောက် ပိတ်ကြာပစ်တာ၊ ၂ မိနစ်လောက်နေလို့မှ ကိုယ့်ပိုက်ဆံအိတ်မထွက်လာရင်ကျ ဒီနား ATM ရှိလားမသိဘူးဆိုပြီး စားပွဲထိုးလှမ်းမေးသေးတာ၊ ATM တွေငွေထုတ်မရတာ မန်းလေးသားတွေ မသိဘူးထင်နေပုံပဲ။

ကိုယ်ပြန်လောက်ပြီဆို ဖုန်းထဆက်လာပြီ၊ အေးသယ်ရင်း ဘယ်နားမှာလဲ ငါအခုလာနေတာ မင့်ဆီဆိုပဲ၊ ဒီကဖြင့် မန်းလေးပြန်ရောက်လို့ အသားတောင်မဲနှင့်နေဘီ။

ခရီးသွားရအောင်လေလို့ တခါလောက်ပြောကြည့်တယ်၊ အေးကွာ သူငယ်ချင်း ငါတို့လည်းလိုက်ချင်တယ် ဒါမဲ့ မိန်းမအလုပ်က ခွင့်မရဘူးတဲ့၊ သူတို့ခရီးသွားချင်ရင်ကျ ငါတို့တော့ ဒီမြို့သွားမှာ မင်းတို့ တက်လာခဲ့လေဆိုတာမျိုး၊ ကိုယ်တွေက အလုပ်အကိုင်မရှိ အမြဲအားယားနေသလိုမျိုး။

ရန်ကုန်သားတွေလို့ မပြောဘူးနော်၊ ရန်ကုန်မှာအနေကြာသူတွေ တော်တော်များများက အဲပုံစံပဲ၊ နယ်ကတက်လာပြီး ရန်ကုန်ပုံစံဝင်သွားရင်လည်း အဲအတိုင်းပဲ၊

မယုံရင် ကိုယ့်မြို့ကနေ ရန်ကုန်ရောက်တာကြာနေသူတွေဆီ ငါတို့လာလည်မလို့ ဘယ်နေ့ဘယ်ရက်လို့ ပြောကြည့် ဒါမှမဟုတ် အမေဆေးရုံတက်နေလို့လို့ ပြောကြည့် တခုမဟုတ်တခု အကြောင်းပြပြီး ပတ်ပြေးသွားလိမ့်မယ်၊

လူတိုင်းလို့မဆိုလိုဘူးနော်၊ ရာခိုင်နှုန်းအတော်များများကအဲအတိုင်းပဲ။ မကျေနပ်ကြရင်လည်း မတတ်နိုင်ဘူး အဟင်းဟင်း။

ကိုဖိုးကျော်

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page