ဇူကာဘတ်တို့ ဂျက်မားတို့ထက် ပိုချမ်းသာလာတဲ့ တရုတ်သူဌေး ကျောင်းချန်ဖန်း

မယုံနိုင်လောက်အောင်အပြောင်းအလဲ

Binance ရဲ့ CEO ဖြစ်သူ ကျောင်းချန်ဖန်း (Changpeng Zhao) ရဲ့ချမ်းသာကြွယ်ဝမှုကို Bloomberg က အမေရိကန်ဒေါ်လာ (၉၆) ဘီလျံအဖြစ် Bloomberg Billionaires Index မှာပထမဦးဆုံးအကြိမ်ဖော်ပြခဲ့ပါတယ်။

ကျောင်းချန်ဖန်းရဲ့ ချမ်းသာကြွယ်ဝမှုဟာ ဖေ့ဘုတ် ရဲ့ ဇူကာဘတ်တို့၊ ဂူးဂဲကို ထူထောင်သူ လယ်ရီပိတ်ချ်တို့ထက်သာသွားပြီဖြစ်ပါတယ်။ ထို့အပြင်အလီဘာဘာသူဌေးကြီး ဂျက်မားထက် ၂ ဆခွဲလောက်ပိုချမ်းသာနေပါတယ်။

Binance ဟာကမ္ဘာ့အကြီးဆုံးခရစ်ပ်တိုငွေကြေးဈေးကွက် (Cryptocurrency exchange) ဖြစ်ပြီး Binance Coin ဟာ ရာနှုန်း (၁၃၀၀) ဈေးမြင့်တက်ခဲ့ပါတယ်။

တဖက်မှာလည်း ကမ္ဘာ့နိုင်ငံအသီးသီး ခရစ်ပ်တိုငွေကြေးဈေးကွက်ကို စည်းမျဉ်းဥပဒေတွေ ချနိုင်ဖို့ ကြိုးစားနေပါတယ်။ တကယ်လည်းငွေကြေးခဝါချမှုတွေ၊ မတရားငွေမည်းတွေပပျောက်အောင် စည်းမျဉ်းတွေနဲ့ထိန်းချုပ်ဖို့လိုအပ်နေပါတယ်။

အမေရိကန်ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ U.S. Department of Justice and Internal Revenue Service ကလည်း Binance ကို စောင့်ကြည့်စစ်ဆေးနေပါတယ်။

ကျောင်းချန်ဖန်းကပြောတာကတော့ ခရစ်ပ်တိုငွေကြေးဈေးကွက်ဟာဆူလွယ်ပျောက်လွယ်ပါသတဲ့။ ဒီနေ့ သင် ကြားသိရတဲ့ငွေကြေးတန်ဖိုးဟာ နက်ဖြန်နဲ့ တူမှာ မဟုတ်ပါဘူးတဲ့။

ကျောင်းချန်ဖန်းရဲ့မိဘတွေဟာ ကျောင်းဆရာတွေဖြစ်ပြီး တရုတ်ပြည်မှာ မော်စီတုန်းအစိုးရခေတ်က pro-bourgeois intellect အဖြစ် စွပ်စွဲခံရကာ ဝေးလံခေါင်ဖျားတဲ့ရွာမှာ မဲဇာအပို့ခံခဲ့ရပါတယ်။

၁၉၈၀ ကျော်မှာ သူ့မိဘတွေဟာ တရုတ်ပြည်ကိုစွန့်ခွာပြီး ကနေဒါနိုင်ငံမှာ အခြေချခဲ့ပါတယ်။ ကျောင်းချန်ဖန်းငယ်စဉ်က မက်ဒေါ်နယ်စားသောက်ဆိုင်မှာစားပွဲထိုးခြင်းစတဲ့ အလုပ်တွေလုပ်ပြီးမိဘကိုဝင်ငွေရအောင်ကူညီခဲ့ပါတယ်။

၁၉၈၀ နဲ့ ၁၉၉၀ ကျော်ကာလတွေမှာ ဂျပန်က ဆေးအိဘူးကုန်တိုက်ပိုင်ရှင်လို ဂျပန်သူဌေးကြီးတွေက ကမ္ဘာ့အချမ်းသာဆုံးဖြစ်ခဲ့တာပါ။

၂၀၀၀ ခုနှစ်အကျော်မှာ ဘီလ်ဂိတ်လို၊ စတိဂျောပ်တို့လို Tech နည်းပညာကုမ္ပဏီပိုင်ရှင်ကြီတွေက အချမ်းသာဆုံးဖြစ်ခဲ့ပါတယ်။

၂၀၁၀ လောက်မှာ ဇူကာဘတ်တို့ လယ်ရီပိတ်ချ်တို့က နောက်က လိုက်လာပါတယ်။ အခုဆိုရင် အမေဇုံရဲ့ ဂျက်ဖ်ဘေးဇိုးက (၁၇၇) ဘီလျံနဲ့အချမ်းသာဆုံးပါ။

သူပြီးရင် အီလွန်မတ်က (၁၅၁) ဘီလျံနဲ့ဒုတိယအချမ်းသာဆုံးပါ။ ဘီဂိတ်က (၁၂၄) ဘီလျံနဲ့စတုတ္ထအချမ်းသာဆုံးနေရာမှာရှိပါတယ်။

အခုဆိုရင် ကျောင်းချန်ဖန်းက ဇူကာဘတ်တို့ ဂျက်မားတို့ကို ကျော်တက်သွားပါပြီ။ ကမ္ဘာကြီးဟာအပြောင်းအလဲ အရမ်းကိုမြန်နေတယ်” ဆိုတာ သိထားစေချင်ပါတယ်။ ဒါတောင် အခုမှစပြောင်းလဲခါစ ရှိပါသေးတယ်။ နောင်နည်းပညာအရှိန်ရရင် ဒီထက်ပိုမြန်မယ်လို့မြင်ပါကြောင်း။

Richard Myo Thant
10-January-2022

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page