ပတ်စပို့စ် လုံးဝမရှိဘဲ ဩဇီကို တရားဝင် သွားနည်း (ဩဇီအစိုးရက အကုန်ထောက်ပံ့ပေးမှာပါ)
အခုတလော စီဒီအမ် မြန်မာစစ်သားတချို့ သြဇီကို ရောက်လာတာနဲ့ပတ်သက်ပြီး ကွန်မန့်တခု ဖတ်လိုက်ရပါတယ်။ ပတ်စပို့စ် မရှိဘဲ ဘယ်လို သွားသလဲတဲ့။ မိတ်ဆွေလည်း သူ့လို စဉ်းစားကောင်း စဉ်းစားနိုင်ပါတယ်။ ပြဿနာ ရှိရင် အဖြေရှိပါတယ်။
UNHCR မှ ဒုက္ခသည် အသိအမှတ်ပြု လက်မှတ်ရရှိသူများဟာ မိမိ အခြေချချင်သည့် တတိယနိုင်ငံ တခုရဲ့ သံရုံးမှာ ဗီဇာလျှောက်ရပါတယ်။ အဲဒီလိုလျှောက်ရာမှာ ပတ်စပို့စ် ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ လက်ခံပါတယ်။
အဓိကက UNHCR မှ ထုတ်ပေးသည့် ဒုက္ခသည်လက်မှတ်ပါပဲ။ သံရုံးက ဒီလျှောက်လွှာကို စစ်ဆေးပြီး ဗီဇာပေးမယ်ဆိုရင် သံရုံးက Travel Document ကို ပတ်စပို့စ်အစား အသုံးပြုပါတယ်။ အဲဒီTravel Document ပေါ်မှာဓာတ်ပုံ၊ ဗီဇာကိုကပ်ပြီး ဘယ် ရက်အတွင်း နိုင်ငံအတွင်းသို့ ဝင်ပါဆိုပြီး ထုတ်ပေးပါတယ်။
ဒုက္ခသည်ဗီဇာ ရလာတဲ့သူဟာ ခရီးအတွက် လေယာဉ်လက် မှတ်၊ ခရီးသွားစဉ် ကြားကာလ အသုံးစရိတ်စသည်တို့ကို IOM – international organization for migration က ကျခံပါတယ်။ Travel document ပါတဲ့သူကို ဘယ်သူမှ ပတ်စပို့စ် မပါလို့ ရစ်မည့်သူမရှိပါ။ ပတ်စပို့စ်ရှိသူပင် အရစ်ခံကောင်း ခံရနိုင်ပါတယ်။
Travel document ပါသူကိုလေဆိပ်မှာ ကြိုမည့်သူ အဆင်သင့်ပါ။ သက်ဆိုင်ရာ နိုင်ငံရောက်ရင် တည်းခိုဖို့၊ အသေးသုံးဖို့ငွေ၊ လစဉ်သုံးဖို့ငွေတွေ ထုတ်ပေးပါတယ်။ တနိုင်ငံနဲ့ တနိုင်ငံတော့ ထောက်ပံ့ပုံ မတူပါဘူး။ ၃ လမှသည် တသက်လုံး ထောက်ပံ့တာ ကွဲပြားပါတယ်။ တချို့နိုင်ငံများက လေယာဥ်ခ ပြန်ဆပ်ရတယ်လို့ ကြားဖူးသည်။
သြဇီကတော့ သူ့နိုင်ငံမှာ နေသမျှ ထောက်ပံ့ပါတယ်။ ပြန်ဆပ်စရာ မလိုပါ။ အခြေချနိုင်ရန်အတွက် ကုတင် ရေခဲသေတ္တာ အဝတ်လျှော်စက် ပန်းကန်ခွက်ရောက် ခုံ ထမင်းစားပွဲ နာရီ ယုတ်စွအဆုံး အဝတ်လှန်းရာတွင် ညှပ်ရတဲ့ ညှပ်လေးတောင် ထောက်ပံ့ပေးပါတယ်။ အဟောင်းတခုမှမပါ အကုန် အသစ်တွေချည်းပါပဲ။ အလုပ်မရသေးရင် ၂ ပတ်တခါ ဒေါ်လာ ၅၅၀ နှင့် ၆ ရာကျော်ကြား ထောက်ပံ့ပါတယ်။
ဒီလောက်ဆိုရင် ပတ်စပို့စ် မရှိဘဲ နိုင်ငံခြား ဘယ်လိုသွားသလဲဆိုတာ သဘောပေါက်လောက်ပြီ ထင်ပါတယ်။ ဒါကြောင့် ထင်ပါတယ်။ အင်္ဂလိပ် ငါးဖမ်းရင် ရေ မနောက်ပါတဲ့။
(မသိသေးသူများ အတွက်သာ ရည်ညွှန်းပါသည်။ ဆရာ့ဆရာကြီးများ အတွက် မဟုတ်ပါ။)
အေးချမ်းကြပါစေ။
မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr