လွန်ခဲ့တဲ့နှစ် (၇၀) ကျော်က ကြိုတင်ဟောခဲ့တဲ့ တပ်ပျက် တဘောင်နဲ့ ထူးထူးခြားခြား အတိတ်နိမိတ်များ
စစ်တပ်အသိုင်းအဝိုင်းက လူတွေက နိမိတ်တွေ ဗေဒင်တွေ ယုံတယ်ဆိုတော့ သူတို့ အခြေအနေကောင်းလား မကောင်းလား သူတို့ ဘာသာ ဗေဒင် ဘာညာတွက်ဆရအောင် အာဏာသိမ်း ၂၀၂၁ ကနေ ၂၀၂၂ အထိ နိုင်ငံတော် နိမိတ်ဆိုတာတွေ နဲ့ တဘောင်ဆိုတာတွေကို မှတ်မိသလောက်စုစည်းထားတယ်။
အဲ့နိမိတ်တွေမရေးခင် စစ်တပ်ရဲ့ ဇာတာသမိုင်းအစကို ပြောရရင် ၁၉၄၈ လွတ်လပ်ရေးယူခါနီး နိုင်ငံတော် ဇာတာကောင်းအောင် ဦးနုက ဗိုလ်လင်္ကျာကို ပဲခူးက နက္ခကြည့်ဆရာကြီး ဦးသက်တင်ဆီကို လွှတိပြီ အခါကောင်းယူခိုင်းတယ်ပေါ့လေ ။
ဖြစ်ချင်တော့ ဗိုလ်လင်္ကျာက စပ်ဆော့ပြီး တပ်မတော်အင်အားကြီးမှ တိုင်းပြည် အင်အားရှိမယ်ဆိုပြီး စစ်တပ်ကံကောင်းစေမဲ့ ဇာတာခွင်မှာ လွတ်လပ်ရေးယူဖို့ ဆရာကြီးကိုပြောသတဲ့ ဒါနဲ့ ဆရာကြီးက ဗြိဆ္စလဂ် အင်္ဂါ (စစ်ဂြိုလ်)ကို သိဟ်ရာသီခွင်မှာ ဇာတာချပေးပြီး မြန်မာ့ စစ်ဟာ ဇာတာခွင်အရ နှစ်၇၀ , ၇လ နဲ့ ၇ရက်တိတိ မြန်မာ့နိုင်ငံရေးဇာတာက အခေါင့်အမြင့်မှာရှိမယ် အဲ့နောက်မှာ စစ်တပ်ဟာ မတရားမှုတွေ လုပ်မယ် မသမာမှုတွေ လုပ်မယ်ဆို စစ်တပ်နဲ့ ပြည်သူနဲ့ တွေ့ စစ်တပ်ရှုံး ,စသည်ဖြင့် တစ်ဆင့်ခြင်း နောက်ဆုတ်ရင်း စစ်တပ်ဟာ ပြိုပျက်မယ်လို့ဆိုခဲ့တယ် ဒါကို နက္ခတ်ဗေဒ လေ့လာတဲ့သူတွေဆို သိပါလိမ့်မယ်။
၂၀၂၁ ကနေ မြန်မာပြည်ရဲ့ နိုင်ငံတော် နိမိတ်လိုလို တဘောင်လိုလို ဟာတွေပြောရရင်
(၁) ရှမ်းပြည် ကျောက်မဲက စူဠာမဏီစေတီတော် စိန်ဖူးတော် မိုးကြိုးပစ် ပြီး စိန်ဖူးတော် မြေခတယ်။
(၂) ပထမံဦးအောင်ဆိုတဲ့ ဘိုးတော်တစ်သိုက် လေယာဉ်ပျက်ကျတယ်။
(၃) ၂၀၂၁ မေလမှာ မန်းလေးတက္ကသိုလ်ဝင်းထဲမှာ အထက်လမ်း ဆရာဆိုသူတွေ တစ်ရက် လာရောက် စည်းချတယ် ။ အောက်လမ်းဆရာလို အညိုဝတ်တွေ မင်းအောင်လှိုင်ဇာတာနိမ့်ကျရေး အာကာသစိုး နတ်တွေအပါအဝင် ဒေဝီလေးပါး နဲ့ ကတော် (၄) ပါး ပူဇော်ပွဲ နဲ့ ဘီလူးတိုက်အင်းကိုဝိုင်းဆွဲကြတယ်။ နောက်ရှမ်းဘိုးတော်တွေရောက်လာပြီး ဓာတ်ရိုက်ဓာတ်ဆင်လုပ်ကြတယ်။
(၄) နောက် ပုဂံမှာ ဆင်ခံဘုရား တံတိုင်း ပြိုကျတယ် အဲ့အချိန်ဟာ တိုက်ဆိုင်စွာပဲ အင်္ဂါစစ်ဂြိုလ်ကို ရာဟုကြတ်ခြင်း ဖြစ်နေတဲ့ကာလမို့ စစ်ဂြိုလ်ဟာ ရာဟုရဲ့ ရန်ဘက်ကို ရောက်တယ်လို့ဆိုတယ်။ ဒါကြောင့် စစ်မင်းတွေ တပ်မင်းတွေ စစ်တပ်ဆိုင်ရာတွေဟာ အမှောင်အတိနဲ့ ဘေးဒုက္ခကြုံမယ်လို့ တွက်ဆကြတယ်။
(၅) ပြည်သူက ပုဂံမှာ မင်းနန်သူ ကျိန်စာတိုက်တယ်။ ထီးလို မင်းလိုဘုရားမှာ ပြည်သူက ကျိန်စာထိပ်တိုက် မှာ အစဉ်အဆက် ဘုရားကို ပြုပြင် ထိန်းသိမ်းဖို့ ရှေးမြန်မာ ဘုရင်များဟာ ဘုရားကို သူ့အမှုအထမ်းများကို သစ္စာဆိုခြင်း တကွ ကျိန်စာ ပါ တိုက်ပြီး လှုလေ့ရှိတယ်။
သည်ဘုရားကျွန် မင်းမှုထမ်းအနွယ်အဖွားများအား သွေးမြေကျစေခြင်းငှာ အမှုကိုပြုသောသူသည် မေတ္တရဘုရားကွယ်ပြီး ကုန်းရေလေ ဘေးတွေ့စေလို့ ဆိုခဲ့တဲ့ ကျိန်စာတွေရှိတယ် ။ ပုဂံကပြည်သူတွေဆိုတာ အနည်းနဲ့ အများတော့ ဘုရားကိုစောင့်ရှောက်ရတဲ့ သူတွေလို့ပြောလို့ရ။
(၆) တပ်တွင်းမှာ ေ-ွးချောင်းစီးမယ်ဆိုလို့ ယတြာနဲ့ ေ-ွးဆေးတွေ ချောင်းထဲမြောကြတယ်။
(၇) တက်သိမ်းမယ်တော်ရဲ့ လွှမ်းမိုးမှုများနေတယ် နိုင်ငံတော်ဇာတာက အမျိုးသမီးဦးဆောင်နေတဲ့ဇာတာဆိုပြီး နန်းမတော် မယ်နုရဲ့ လက်ရုံး ကသည်းအမျိုးသမီး အောက်လမ်း ပညာသည်ကနေ နတ်စိမ်းဖြစ်တဲ့ တက်သိမ်းမယ်တော်ဆီက တက်တွေကို ပြန်ယူ ပြီးတော့ တက်သိမ်းမယ်တော်နတ်ရုပ်ကို နဖူးကို ထုခဲ့
(၈) တပေါင်းစစ်ချီ ဒေါင်းစစ်သည် သောင်းချီတက်လိမ့်မည် နဂါးတက်မင်း ပြည်တော်ဆင်း မိစ္ဆာမင်းဆက်ပျက်လိမ့်မည် ဆိုတဲ့ တဘောင်တွေပေါ်လာတယ်။
(၉) ပန်ထွာ ဘုရင်မရဲ့ ဇာတာ လွှမ်းနေတယ် အမျိုးခေါင်းဆောင်တွေ ပေါ်မယ် အတုလသည်တော်နဲ့ လှံပျံကို သိမ်းရမယ်ဆိုပြီး ပန်ထွာ နတ်ရုပ်ကို သွားဖျက်ဆီး ယတြာခြေကြတယ်။
(၁၀) အနော်ရထာ စစ်ကြောင်းဆိုပြီး စစခြင်းမှာပဲ စစ်ကိုင်းမှာ စစ်သားတွေ ကျွဲခတ်ခံရပြီး ေ-တယ်။ ပညာရှင်တွေက စစ်ကိုင်းပြီဆိုပြီး ပြောကြတယ်။
(၁၁) သိပ်မကြာခင်မှာ ရန်ကုန်က အနော်ရထားလမ်းမကြီး ကိုရေနဲ့ ဆေးပြီး သန့်စင်ကြတယ် မိုးတွင်းကြီးနော် ။
(၁၂) မန်းလေးတောင် ကနေ မန်းလေးမြို့ထဲကို စီးသူမဲ့ မြင်းလေးကောင်ဝင်လာတယ် ဆိုတဲ့ ကောလာဟလတွေ ပြန့်တယ်။
(၁၃) ဒေါ်ကြိုင်ကြိုင် တို့အနားမှာ ထားတဲ့ အင်ဒိုနီးရှားက ပညာသည်တွေ တစ်ချို့ ေ-တယ် တစ်ချို့ ပြန်ပြေးတယ်လို့ဆိုတယ်။ ပြောစကားများအရတော့ တစိချိန်က နာမည်ကြီး ဘိုးတော်တင်ဦးကိုတောင် ပညာနဲ့ -တ်ကြသူများလို့ဆိုတယ်။
(၁၄) ကိုရီးယားက နာမည်ကြီး နတ်ဝင်သည် အကြားအမြင်ဆရာက မင်းအောင်လှိုင်ကို မိုးကောင်းကင် မျက်နှာသာပေးမှုဟာ ၂၀၂၁ ဧပြီလကစပြီး မျက်နှာလွှဲပြီလို့ဟောတယ်။
(၁၅) ကိုရီးယားက ဗေဒင်ဆရာမဟောခင် မြန်မာပြည်က အမည်မဖော်လိုတဲ့ ဘိုးတော်ကြီးတစ်ယောက်က မင်းအောင်လှိုင်ဟာ သမုတိ နတ်မင်း ရေမြေ့ သခင်ဇာတာ ကုန်တော့မှာ ဖြစ်တဲ့အတွက် ရှေ့မှာ ယတြာဘယ်လိုကောင်းကောင်း မင်းလောင်တော့ ထပ်ပေါ်လာမယ်ပြောခဲ့တယ်။
ဆိုတော့ ကိုယ့်ဖွအကောင့်ထဲက ေ-ာမ အသိုင်းအဝိုင်းကို ပြောချင်တာက မယုံရင် ကိုယ်ကိုးကွယ်တဲ့ ဗေဒင်တွေ နတ်တွေ ဘာညာတွေကိုမေးဦးလို့။
ဪ ပြောဖို့ မေ့နေတာ အကုသိုလ် ကံ အကျိုးပေးပြီ ကံကြွေး ကံစ ခြေဖို့ အချိန်ရောက်လာပြီဆိုရင်
တန်ခိုးအရာ ကြီးပါတယ် ဘုရားရဲ့ မဟာသဝကကြီး ရှင်မောဂ္ဂလန်တောင် ခိုးသား (၅၀၀) က ရန်ပြုတာခံရသေးတယ်နော် ။ဒါတောင် ရဟန္တာနော်
နောက်ပြီး ဘုရားရှင်ကော ဘာထူးလဲ နုစဉ်ဘဝက ဝဠ်ကြွေးကို ဘုရားဖြစ်တာတောင် ခြေမ သွေးစိမ်းတည်တောင် ကျောင်မောင်းအဆင်ခံရတာတို့ ဝမ်းတော်လားတာတို့ဖြစ်သေးတာ ။ ခင်ဗျားတို့ ကြောက်အောင်ပြောတာ မဟုတ်ပါဘူး သဘောပြောပါတယ်။ စစ်တပ်က ပြိုတော့မှာ ရက်ပိုင်း လပိုင်း နှစ်ပိုင်းပဲ။