ရန်ကုန်ပုစွန်တောင်ဈေး တပတ်အတွင်း (၄) ကြိမ် တိုင်တိုင် ထူးဆန်းစွာ မီးလောင် (ရှို့မီးလား)

ယနေ့ နံနက် ၈ နာရီကျော်မှာ ပုဇွန်တောင်ဈေး မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ယခုတစ်ကြိမ် အပါအဝင် တစ်ပတ်အတွင်း ၄ ကြိမ်မြောက် လောင်ခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်

ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က ညနေ ၆ နာရီကျော်က ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ပုဇွန်တောင်မီးသတ်စခန်းနှင့် တာမွေမီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များ ထွက်ခွာငြိမ်းသတ်ခဲ့ရပါတယ်။

ထို့နောက် ဇူလိုင် ၁ ရက်နေ့ ည ၉ နာရီခန့်တွင် တစ်ကြိမ်၊ ဇူလိုင် ၂ ရက်နေ့ ည ၇ နာရီခန့်တွင် တစ်ကြိမ်နှင့် ယနေ့ ဇူလိုင် ၃ ရက်နေ့ နံနက်ပိုင်းတွင် တစ်ကြိမ်အပါအဝင် တစ်ပတ်အတွင်း ၄ ကြိမ်အထိ မီးလောင်မှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

စကစ လက်အောက်ခံ မီးသတ်ဦးစီးဌာနကတော့ အဆိုပါ မီးလောင်မှု ၄ ကြိမ်မှာ ၂ ကြိမ်က မီးလန့်မှုပဲ လို့ ထုတ်ပြန်ထားပါတယ်။ ယနေ့ ဇူလိုင် ၃ ရက်နေ့မှာ နံနက် ၀၈ ၀၃ အချိန် ပုဇွန်တောင်ဈေးတွင် မီးလောင်မှုဖြစ်ပွားပြီး ၀၈ ၀၇ အချိန် မီးငြိမ်းပါတယ်လို့ မီးသတ်က ထုတ်ပြန်ထားပါတယ်။

လက်ရှိ မီးလောင်ရတဲ့ အကြောင်းရင်းကို မသိရှိရသေးဘဲ မိုးတွင်း ကာလမှာ တပတ်အတွင်း ၄ ကြိမ် မီးလောင်တာဟာ ထူးဆန်းအံ့ဩဖို့ကောင်းကြောင်းနဲ့ ရှို့မီး ဖြစ်နိုင်ကြောင်း ဈေးနားမှာ နေထိုင်သူတဦးက ပြောပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page