“ဆီအပြည့် ထည့်မယ် ညီမလေး” ဆိုပြီး ဆီဆိုင်ထဲမှာ အော်ပြောလိုက်တဲ့သူ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်
“ဆီအပြည့် ထည့်မယ် ညီမလေး” ဆိုပြီး ကိုယ်က အော်ပြောလိုက်တဲ့အချိန် ဆီဆိုင်ကြီး တစ်ခုလုံးက ဆီထည့်နေကြတဲ့ ကားပိုင်ရှင်တွေရဲ့ အကြည့်တွေဟာ ကိုယ့်ဆီကို စုပြုံရောက်လာကြတယ်။
သူတို့ရဲ့ မျက်ဝန်းတွေထဲမှာ .. ကိုယ့်ကို အားကျ ၊ အထင်ကြီး ၊ လေးစား ၊ နားမလည် ၊ ခံပြင်း၊ ဉာဏ်မမှီ | ကိုယ့်ဘွကိုယ်အားမရတွေဖြစ် ၊ ကိုယ့်အလုပ်ရှင်ကို ကျိန်ဆဲ ၊ ပိုက်ဆံချေး မပေးတဲ့ ကောင်ကို မေတ္တာပြန်ပို့ ၊ အကြွေးမဆပ်သေးတဲ့ ကောင်ကို လှမ်းဆဲ ၊ ဟိုမအလကိုလည်း တဆက်ထဲ လမ်းကြုံပြန်ဆဲ
အင်း အဲ့တဆိုင်လုံးရဲ့ အကြည့်တွေထဲမှာ မနာလိုမှုတွေလဲ ပါရင်ပါမှာပေါ့လေ။ ကိုယ်ကတော့ ဂရုမစိုက်ပါဘူး။
တတ်နိုင်ဘူးလေ၊ ကိုယ်လိုတာတော့ ကိုယ်ဝယ်ရမှာပေါ့။ ပန့်ကိုင်ကောင်မလေး ရောက်လာတာနဲ့ မျက်နှာကိုမော့ ရင်ကိုကော့ပြီး လက်ထဲက 1 Litre ရေသန့်ဗူးခွံလေးကို အပြည့်ဖြည့်ဖို့ ပေးလိုက်တယ်။
ဘာ ဒုန်း ကျ တော် ဘာ မှား လို့ တုန်း
Htet Myet Hmu