လျှပ်စစ်ထုတ်လုပ်မှု လျော့နည်းနေသဖြင့် မီးထပ်ပြတ်မည် (နေ့တိုင်းပြတ်နေပေမယ့် ထပ်ပြတ်မည်ဟုဆို)

စုစုပေါင်း လျှပ်စစ်ဓာတ်အား (၉၇၀) မဂ္ဂါဝပ်ခန့် ဆက်လက်လျော့နည်းနေတာကြောင့် ဓာတ်အားသုံးစွဲမှု များပြားတဲ့အချိန်တွေမှာ မီးထပ်မံပြတ်နေဦးမှာ ဖြစ်တယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဇန်နဝါရီလ ၉ ရက်နေ့က ၁၃၂ ကေဗွီ ဘီလူးချောင်း(၂)-တီကျစ် ဓာတ်အားလိုင်းမှာ (၂)ကြိမ်မြောက် တာဝါတိုင်များ ထပ်မံဖျက်ဆီးခံခဲ့ရတာကြောင့် ဘီလူးချောင်း ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံမှ ထွက်ရှိတဲ့ လျှပ်စစ်ဓာတ်အား (၂၂၀)မဂ္ဂါဝပ်ခန့်ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်နိုင်ခြင်း မရှိဘဲ ဓာတ်အား ပြတ်တောက်လျက် ရှိတယ်လို့ ဆိုပါတယ်။

ထို့အပြင် ဓာတ်ငွေ့ဈေးနှုန်း မြင့်တက်နေတာကြောင့် LNG ဓာတ်အားပေး စက်ရုံများရဲ့ ထုတ်လုပ်မှု (၇၅၀)မဂ္ဂါဝပ်ခန့်မှာ ရပ်တန့်ထားရခြင်းကြောင့် စုစုပေါင်း ဓာတ်အား (၉၇၀) မဂ္ဂါဝပ်ခန့်မှာ ဆက်လက်လျော့နည်းနေပြီး ဝန်အားထိန်းညှိခြင်းများ ဆက်လက် ဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လျော့နည်းသွားတဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု (၉၇၀) မဂ္ဂါဝပ်ခန့်အတွက် ဝန်အားထိန်းညှိမှုအရ အချို့သော နေရာများတွင် ဓာတ်အားသုံးစွဲမှုများပြားသော နံနက် ၇ နာရီမှ နေ့လယ် ၁၁ နာရီအတွင်းနှင့် ညအချိန် ၁၇ နာရီမှ ၁၉ နာရီအချိန်အတွင်း ဝန်အားလျှော့ချရခြင်းများအား ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ ကြေညာချက်ထဲမှာ ပါဝင်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page