စကစက စက်သုံးဆီ မပြတ်ကြောင်း ဝေ့လည်ကြောင်ပတ် စာစီစာကုံးရေးနေချိန် အပြင်မှာ ဝယ်မရ ဖြစ်နေ

ပြည်တွင်းဈေးကွက်မှာ စက်သုံးဆီဈေးတွေ မြင့်တက်နေပေမယ့် စက်သုံးဆီကို ပြည်သူတွေ သက်သာတဲ့ဈေးနှုန်းနဲ့ ဝယ်ယူသုံးစွဲနိုင်အောင် မူဝါဒချမှတ်လုပ်ဆောင်နေတယ်လို့ စကစ လက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီက မနေ့က နေ့စွဲနဲ့ကြေညာပါတယ်။

တချို့နိုင်ငံတွေမှာတော့ အစိုးရက အခွန်ကောက်တာများလို့ မြန်မာထက်ဈေးများပြီး မလေးရှားမှာတော့ အစိုးရကစိုက်ထုတ်တဲ့အတွက် မြန်မာနိုင်ငံထက် ၆၀ ရာခိုင်နှုန်းလောက် ဈေးနည်းရတာဖြစ်တယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်တုန်းကဆိုရင် စက်သုံးဆီ အောက်တိန်း ၉၂ တလီတာကို ၆၂၅ ကျပ်ပဲရှိခဲ့ရာကနေ အခု ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့မှာ ၉၂ တစ်လီတာ ၂,၂၃၅ ကျပ် ရှိလာခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် တစ်နှစ်ခွဲအတွင်းမှာ စက်သုံးဆီဈေး သုံးဆခွဲကျော်တက်သွားတာဖြစ်ပြီး ပြည်သူတွေလည်း ဒီလိုဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကို ဆိုးရွားစွာခံစားနေရတာဖြစ်ပါတယ်။

စကစ လက်အောက်ခံ စက်သုံးဆီ ကော်မတီက နှိုင်းယှဉ်ပြသည့် နိုင်ငံတကာ ဆီဈေးနှုန်းနဲ့ မြန်မာ့ဆီဈေးနှုန်း နှိုင်းယှဉ်ချက်တွင် မြန်မာနိုင်ငံ ဆီဈေးနှုန်းက နည်းနေသော်လည်း နိုင်ငံသားတဦးချင်း ဝင်ငွေများ နှိုင်းယှဉ်ကြည့်ပါက အဆိုပါ နိုင်ငံများနဲ့ မြန်မာနိုင်ငံသားတို့ရဲ့ ဝင်ငွေဟာ မိုးနဲ့မြေပမာ ကွာဟနေတာကို တွေ့ရပါတယ်။

လက်ရှိအချိန်မှာ စက်သုံးဆီ ဈေးနှုန်း အလွန်ကြီးမြင့်လာတာကြောင့် နိုင်ငံအတွင်း ကုန်စည် စီးဆင်းမှု ရပ်တန့်လုနီးပါး ဖြစ်နေပြီး စိုက်ပျိုး ထုတ်လုပ်သူနဲ့ ကုန်သည်များ ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဆီမှောင်ခိုလုပ်ငန်းများလည်း မြန်မာပြည်အနှံ့ ပေါ်ထွက်လာပြီး အရည်အသွေးနိမ်တဲ့ အရောအနှော စက်သုံးဆီတွေကို ရောင်းချနေကြပါပြီ။ စကစအနေနဲ့ စက်သုံးဆီ ဈေးနှုန်း တက်ရခြင်း အဓိက အကြောင်းရင်း ဖြစ်တဲ့ ငွေကြေးဖောင်းပွမှုကို မထိန်းနိုင်တာကြောင့် ဆေးမြီးတိုနဲ့ပဲ ဈေးကွက်ကို ထိန်းချုပ်နေရတာ ဖြစ်ပါတယ်။ အဲဒါကြောင့် စက်သုံးဆီ ဈေးနှုန်းဟာ တရိပ်ရိပ်ထိုးတက်လာပြီး နောက်ဆုံး လုံးဝပြတ်လပ်သွားမယ့် အခြေအနေတွေ ကြုံတွေ့နေရပါတယ်။ သီရိလင်္ကာ နိုင်ငံလို နိုင်ငံခြား သုံးငွေလည်း မရှိ၊ စက်သုံးဆီလည်း မရှိ၊ ဘာဆို ဘာမှ မရှိတဲ့ ဗလာနိုင်ငံ အဖြစ် ရောက်သွားမလား ဆိုတာကတော့…

Leave a Reply

Your email address will not be published.

x

You cannot copy content of this page