နိုင်ငံတဝှမ်း ဆက်တိုက်မြင့်တက်လာတဲ့ အပူချိန်နဲ့ ပတ်သက်လို့ ဆောင်ရန်ရှောင်ရန်ကိစ္စရပ်များ

အပူချိန်အရမ်းမြင့်တက်နေပါတယ်။ ဒီနေ့ အပူချိန်ဟာ ၄၃ ´C အထိ တက်လာပါပြီ။ ဒီအတိုင်း ဆက်တက်နေရင် ၄၅-၄၇´C အထိ ရောက်နိုင်ပါတယ်။

အပူချိန် တက်နှုန်းတွေကိုလေ့လာကြည့်ရင် ယခင်က ၁´C တက်ဖို့ ၁၀ နှစ် ကြာပါတယ်။ အခု ၃ နှစ် အတွင်း ၂`C တက်လာပါတယ်။ အပူချိန် ၁´C တက်လာတိုင်း ပျမ်းမျှအသက် ၂ နှစ် လျော့စေပါတယ်။

အထူးသတိထားကြပါ။ မြန်မာတွေရဲ့ ပျမ်းမျှအသက်ဟာ ကျား ၅၃၊ မ ၅၇ ဖြစ်ပါတယ်။ အခု အပူချိန် ၂´C တက်လာမှုကြောင့် ၄ နှစ် ထပ်လျော့သွားနိုင်ပါတယ်။ စိုထိုင်းဆလည်း အရမ်းလျော့နည်းနေပါတယ်။ ဒီအခြေအနေဟာ တော်သေးတယ်လို့ ပြောလို့ ရပေမယ့်အပူဒဏ်ပို ခံစားရနိုင်ပါတယ်။

ဒီအချိန်မှာ အစားအစာ၊ အနေအထိုင်သတိပြုကြပါ။ အအေးစာတွေက အပူစုပ်နိုင်ပေမယ့် အပူရှပ်ခြင်းကိုအဓိက ဖြစ်စေပါတယ်။ အရေးကြီးတာကနေပူထဲမှာ နံက် ၁၁ နာရီမှ ညနေ ၃ နာရီအတွင်း သွားလာ လှုပ်ရှားအလုပ်လုပ်ကိုင်ခြင်း ရှောင်ကြဉ်ကြပါ။

ဗမာချည်သား အဝတ်ထူထူတွေက အပူဒဏ်ကို ကာကွယ်ပေးနိုင်ပါတယ်။ အပူက ပြန်ရောက်လာစဉ် အဝတ်များ ချွတ်ခြင်း၊ ရေခဲရေသောက်ခြင်း၊ ရေချိုးခြင်းတို့ ရှောင်ပါ။ ဆားနှင့် ရေသောက်ခြင်းကိုလည်း မပြုလုပ်ကြပါနဲ့။

အပူက ပြန်ရောက်စဉ် ၅ မိနစ်ခန့် ပြန်လာစဉ်ကအတိုင်း နေပေးကြပါ။ အဲယားကွန်းခန်းအတွင်း အဝင်အထွက် လုပ်ကိုင်သွားလာနေရသူများ သတိပြုကြပါ။ အပူမှ ပြန်ရောက်ချိန် အဲကွန်းခန်းအတွင်းရုတ်တရက် ဝင်ရောက်ပါက ခန္ဒာကိုယ်အရေပြားမှ သွေးများ ဗဟို သွေးလှည့်အဖွဲ့ထဲ ရောက်ရှိပြီး ရုတ်တရက် သွေးပေါင်တက်ကာ လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်းတို့ ဖြစ်တတ်ပါတယ်။ အဲကွန်းခန်းထဲ ကြာရှည်နေရသူများ အပူထဲသို ထွက်ချိန်မှာ သွေးပေါင်ထိုးကျပြီး မူးဝေတတ်ပါတယ်။

ရေများများ သောက်ပါ။ အငန်/အချိုလျော့စားကြပါ။ ချွေးထွက်လွန်သူမှ လွဲ၍ ဓာတ်ဆားရေ သောက်ခြင်း လျော့ပါ။ ဟင်းကျန်ထမင်းကျန်များ စားခြင်း ရှောင်ပါ။ ဟင်းကျန်များ နွေးရာတွင် ရေဖြည့်ထည့်၍ နွေးပါ။ လက်သုပ်များ လျော့စားပါ။ မိဘပြည်သူအများ ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ။

မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page