မြန်မာပြည်ထဲကို ဝင်ချင်တိုင်း ဝင်နေတဲ့ သေမင်းတမန် အသားချောင်းတွေရဲ့ အန္တရာယ်

တရုတ်နဲ့ ထိုင်းဖက်က လာတဲ့ ကိုရီးယားကင်ဆိုပြီး အလွယ်ခေါ်ကြတဲ့ အသားချောင်း၊ အသားလုံး၊ အသားပြား တွေဆိုတာ စာကြွင်းစားကျန်တွေကို စက်ထဲမှာရောကြိတ် ပြီး အရသာရှိအောင် ဟင်းခတ်မှုန့် ပေါင်းများစွာထည့်ပြီး မြန်မာပြည်ကိုကမ်းကူးပြီး ပို့လိုက်တာပါ။

ကိုရီးယားကင်ဆိုတာ စားပါများရင် ချက်ချင်း အသက်အန္တရာယ်ရှိချင်ရှိ မရှိရင် ကင်ဆာဖြစ်ဖို့ ၉၉ ရာခိုင်နှုန်း သေချာတယ်။ အခုလည်း ကိုရီးယားကင်စားလို့ အသေအပျောက်တွေက ရက်ဆက်လာပြီ။ ဘာလုပ်ကြမှာလဲ။

ဟော့ဒေါ့တွေ၊ ကိုးရီးယားအကင်ချောင်းတွေ ၊ ကြက်အူချောင်း တွေ ကလေးတွေကို ခဏမကျွေးကြပါနဲ့ဦး။ ပြသာနာ တက်နေလို့ပါ။

နောက်မှ အေးအေးဆေးဆေးမှကျွေးလည်းရတယ်နော်။ အခု ပြသာနာ တက်နေလို့ပါ ။ စားပြီးရင်လည်း သံပရာရည်လေး လည်း တိုက်ကြပါဦး။

သူများနိုင်ငံမှာ စားကြတာက အကောင်းစားတွေ။ ကျမတို့နိုင်ငံထဲ မကောင်းမကန်းတွေဝင်လာလို့ပါ ။ အခုဝင်တာကတော့ ထိုင်း ဘက်က ဝင်တယ်ပြောတာပဲ။ တရုတ်ကလည်း တရစပ်ဝင်နေတယ်။ လောလော ဆယ် တော့ ဘယ်နိုင်ငံကပဲ ဝင်ဝင် ကလေးတွေကို မကျွေးကြပါနဲ့ဦးနော်။

အာဏာသိမ်းပြီးကတည်းက အလုပ်ကောင်းကောင်း မလုပ်နိုင်တော့တဲ့ မြန်မာ့ FDA ဟာ မှောင်ခိုဝင်လာတဲ့ အသားချောင်းတွေကို တားဆီးဖို့ ပျက်ကွက်ခဲ့ပါတယ်။ အွန်လိုင်းပေါ်နဲ့ အပြင်က ဆိုင်တွေမှာ ၅၀၀၊ ၁၀၀၀ ဖိုးဆို ပေါပေါများများရတဲ့ အဆိုပါ အသားချောင်းတွေဟာ အခုတော့ မြန်မာပြည်က ကလေးတွေအတွက် သေမင်းတမန်တွေ ဖြစ်လာခဲ့ပါပြီ။

အဲဒီအသားချောင်းတွေအပြင် အေးခဲ အသားတွေကိုလည်း စည်းမရှိ ကမ်းမရှိ မှောင်ခိုသွင်းနေတာ တွေ့ရပါတယ်။ ရောဂါပိုး မျိုးစုံ ထူပြောလှတဲ့ ဒီခေတ်ကြီးမှာ အတားအဆီး အစစ်အဆေး မရှိဘဲ အလွယ်တကူ ဝင်လာတဲ့ အသားတွေမှာ ဝက်တုပ်ကွေး၊ ကြက်တုပ်ကွေးစတဲ့ ကူးစက် ရောဂါတွေ အများကြီး ပါလာနိုင်ပါတယ်။

အဲဒါကြောင့် အခုလို မဖြစ်သင့်တဲ့ ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်တွေ ဖြစ်သွားခဲ့တာ ဘယ်သူကြောင့်လဲ၊ ဘယ်သူ တာဝန်ခံမှာလဲဆိုတဲ့ မေးခွန်းကို ဒီနေရာကနေ မေးလိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page