ဆယ်တန်းကို အမှတ် ၂၄၀ နဲ့ အောင်တဲ့သူတွေကိုပါ ဆရာမ ပြန်လုပ်ခိုင်းနေရတဲ့ စကစ

ယခင်က B.Ed ပညာရေးဘွဲ့ သင်တန်းများ တစ်နှစ်လျှင် ဦးရေ ၃၀၀၀ ဝန်းကျင်သာ တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ ယခုအခါမှာတော့ လုပ်ငန်းခွင် ဆရာ၊ ဆရာမ တစ်နှစ်လျှင် ဦးရေ ၂၀၀၀၀ သောင်းကျော်ထိ တိုးမြှင့် တက်ရောက် ခွင့်ရအောင် ဆောင်ရွက်နေပြီဖြစ်တယ်လို့ စကစ လက်အောက်ခံ ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးညွှန့်ဖေ က ပြောဆိုခဲ့ပါတယ်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ အစိုးရအခြေခံပညာကျောင်းပေါင်း ၁သောင်းကျော်မှာရှိပါတယ်။ အဲဒီ ထဲကမှ အလယ်တန်း နှင့် အထက်တန်းပညာသင်ကျောင်း ပေါင်း ၇၀၀၀ ကျော်ရှိနေပါတယ်။ စကစက ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှာ ကျောင်းပေါင်း ၃၇၀၀ ကျော် ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ၂၀၂၂-၂၀၂၃ ပညာသင် နှစ်အတွက် ဇွန် ၂ ရက်ကစလို အခြေခံပညာသင်ကျောင်းပေါင်း ၇၀၀၀ ထောင်ကျော် ပြန်လည် ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

၂၀၂၁ -၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ မဖြေဖြစ်သူများ ယခုနှစ်ထဲမှာ ပြန်လည် ဖြေဆိုနိုင်ကြောင်း၊ စနစ်သစ်ပညာရေး ကူးပြောင်းနေချိန်ဖြစ်လို့ ယခုနှစ်က စနစ်ဟောင်း တက္ကသိုလ်စာမေးပွဲ ကျင်းပတဲ့ နောက်ဆုံး နှစ် အဖြစ် သတ်မှတ်ထားတယ်လို့လည်း ပညာရေးဝန်ကြီးဌာနထံမှ သိရပါတယ်။

စကစ အနေနဲ့ ကျောင်းတက်သူတွေ များပြီး ပုံမှန် ပြန်ဖြစ်နေသယောင် ဝါဒဖြန့်ချင်တဲ့ အတွက် ကျောင်းတွေကို ဇွတ်ဖွင့်ခဲ့ပေမယ့်လည်း ဆရာ အင်အား မလုံလောက်တဲ့ ပြဿနာတွေနဲ့ ကြုံတွေ့နေရပါတယ်။

အဲဒါကြောင့် ကြုံရာလူကို ကျောင်းဆရာ၊ ဆရာမတွေ အဖြစ် ပုံဖော်ပေးဖို့ အကွက်ဆင်လာတာ ဖြစ်ပါတယ်။ ယနေ့အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ဆယ်တန်းကို အမှတ် ၂၄၀ လောက်ကျော်ရုံ အောင်လာတဲ့သူတွေကိုပါ ပညာရေး တက္ကသိုလ်မှာ တက်ခိုင်းတဲ့ အဖြစ်တွေ ရောက်ကုန်ပါပြီ။ စကစရဲ့ ရုပ်ပြပညာရေးစနစ်ကြီးကတော့ ဘယ်လောက်အထိအောင် ရုပ်ပေါက်အောင်ဦးမလဲဆိုတာကို ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page