နိုင်ငံခြားခရီးစဉ်မှာ ဒေါ်လာ (၃၀) ပဲသုံးခဲ့တဲ့ ကမ္ဘာ့အချွေတာဆုံး သမ္မတကြီး ဦးဝင်းမြင့်

ပြည်သူ့လွှတ်တော်ရုံး ညွှန်ကြားရေမှူးတစ်ဦး၏ ဖွင့်ဟဝန်ခံချက်ပါ…

နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် ပြည်သူ့လွှတ်တော်ဥက္ကဌ ဘဝတုန်းက ကိုရီယားခရီးစဉ် တစ်ခုမှာပေါ့။ ထုံးစံအတိုင်းဆို နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်တွေ ပြည်ပခရီးစဉ်အတွက် ဆောင်ငွေ ဒေါ်လာငါးသောင်း ကြိုတင်ထုတ်ယူခွင့် ရှိတယ်။

ဥက္ကဌကြီးဦးဝင်းမြင့်ကတော့ ဒေါ်လာငါးသောင်း ထုတ်ယူခွင့်ရှိရဲ့သားနဲ့ ၂၀၀၀၀ ပဲ ယူသွားတယ်။ ခရီးစဉ်မှာ ဒေါ်လာသုံးဆယ်ပဲသုံးပြီး ပိုတဲ့ဒေါ်လာ ၁၉၉၇၀ ကို ပြန်အပ်တယ်။

တစ်ခါ အင်္ဂလန်ခရီးစဉ်မှာလဲ ဒေါ်လာ ငါးဆယ်ပဲသုံးပြီး ပိုတာ အကုန်ပြန်အပ်တယ်။ အခါကြီးရက်ကြီးတွေဆို ကျွန်တော်တို့ နိုင်ငံတော်အတိုင်ပင်ခံကိုရော၊ ဥက္ကဌကြီးကိုပါ အမြဲသွား ကန်တော့ကြတယ်။ ကန်တော့ခံကြတဲ့အခါတိုင်း “ထ ထ ဒီအပေါ်ထိုင်ကြ” ဆိုပြီး တပြေးညီထိုင်ခိုင်းတာ အန်တီ (ဒေါ်အောင်ဆန်းစုကြည်)၊ အန်ကယ် (ဦးဝင်းမြင့်)ရောပဲ။

သမ္မတကြီးဦးဝင်းမြင့်ကတော် The first lady ကြီးကဆို လာကန်တော့ကြတဲ့ ဝန်ထမ်းမိန်းကလေးတွေကို ”အမယ်၊ ဟေ့ ကမ လာစမ်း ဒီကို ရှေ့တိုးပါ ညည်းတို့ကလဲ ညည်းတို့ကို ငါ သတိရနေတာအေ့” ဘာညာဆိုပြီး နွေးထွေးပြူငှါတော့ မိန်းကလေးတွေများဆို မျက်ရည်လည်အောင် ဝမ်းသာကြတာပေါ့ “ (ကတော်တွေ အတုယူစရာ) ကျွန်တော်လဲ အရပ်သားမဟုတ်ဘူး တပ်က လာတာပါ။

ကျွန်တော် သဘောထားကတော့ ရှင်းပါတယ်။ မှန်ကန်တာပဲ ကြိုက်တယ်။ အခုဆို ကျွန်တော်တို့ အသက်တွေ ရလာကြပြီ နိုင်ငံအတွက် နိုင်ငံတော်အတိုင်ပင်ခံတို့၊ သမ္မတကြီးတို့ကို အတုယူပြီး အကောင်းဆုံးပေးဆပ်မယ်။

ကျွန်တော့သားသမီးတွေ လက်ထက်မှာတော့ တိုင်းပြည်ကောင်းတာ မြင်ချင်ပြီဗျာ။ ဒီအတွက် တစ်ရက်မှာ ကွန်ဖြူးရှပ်ကို သူ့တပည့်တစ်ဦးက ”အကယ်၍ ဆရာသာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ခွင့်ရလျှင် ဘယ်အရာက စလုပ်မလဲ” မေးတော့.. ကွန်ဖြူးရှပ်က ”ပထမဆုံးလုပ်ရမှာ တစ်ခုက အမည်နာမ ပညတ်ချက်တွေကို ကိုက်ညီအောင်လုပ်ဖို့ပဲ” တဲ့ အချိန်ရှိခိုက် မိမိ လုပ်ပိုင်ခွင့် ရှိတုန်းလေ…

ဒေါက်တာထွန်းရွှေ၊ ရွှေဘိုတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၊ ၂၀၁၉။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page