အမေရိကန်တွင် အိုမီခရွန်ပိုးကို ထိန်းမရတော့၊ နေ့စဉ် လူတသန်းနီးပါး ကူးစက်လျက်ရှိနေ
အမေရိကန်ပြည်ထောင်စုတွင် နေ့စဉ် ကိုဗစ်လူနာသစ် စစ်ဆေးတွေ့ရှိမှုသည် တနင်္လာနေ့က ၉၇၈,၈၅၆ ဦး အထိရှိလာခဲ့ပါတယ်။
ကူးစက်ခံရသူတွေ အနက် ၉၅ ဒသမ ၄ ရာခိုင်နှုန်းခန့်မှာ အိုမီခရွန် ကူးစက်မှုများဖြစ်နေပြီး လွန်ခဲ့တဲ့ တပတ်က ၇၇ ရာခိုင်နှုန်းရှိရာမှ ယခုတွင် ထပ်မံတိုးလာတာဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု ရောဂါဘယ ကာကွယ်ထိန်းချုပ်ရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
အိုမီခရွန် ကူးစက်မှုမှာ ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့ တွင် ၅၈ ဒသမ ၆ ရာခိုင်နှုန်းသာရှိခဲ့တာ ဖြစ်ပါတယ်။အမေရိကန်နိုင်ငံမှာ အိုမီခရွန် ကူးစက်မှုကို ဒီဇင်ဘာ ၁ ရက်နေ့က စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။