မြန်မာ့သမိုင်းမှာ မိဖုရားအများဆုံး မင်းတုန်းမင်းကြီး ကာမဂုဏ်ခံစားရာ သော်မော်ဆောင် အကြောင်း

မင်းတုန်းဘုရင်ကြီး နှင့် သော်မော်ဆောင်၊ မြနန်းစံကျော်ရွှေနန်းတော်ကြီး အတွင်းရှိ မြောက်ပန်းခုံတော်အလယ် တွင် လှပခမ်းနားစွာဆောက်လုပ်ထားသော နန်းဆောင်တော်တခုရှိသည်။ ထိုနန်းဆောင်တော်၏ အတွင်း၌ ပိုးဖဲသော်မော်ကတ္တီပါ တို့ဖြင့် လှပစွာ စီရင်ခင်းကျင်းပြင်ဆင်ထားသည်ဖြစ်ရာ “သော်မော်ဆောင်” ဟုခေါ်လေသည်။

ထိုသော်မော်ဆောင်အတွင်း၌ ကျောက်စီရွှေသားသလွန်တော်ထားရှိပြီး၊ အိပ်ရာတော်၊ ကြာခြည်တော်၊ ခြုံစောင်တော်၊ ဝတ်လဲတော်များကို ရေမွှေးနံ့သာထုံကြိုင်စေလျက် ရွှေကလပ်နှင့်တင်ကာ ထားရပြီး ၄င်းတို့ကို အမြဲမပြတ်သစ်လွင်တောက်ပနေအောင် အပျိုတော်တို့က ဆင်ယင်ခင်းကျင်းပြင်ဆင်ရလေသည်။ ထိုနန်းဆောင်တော်သို့ မင်းတြားကြီးကြွချီပါက အလှည့်ကျမိဖုရားအပေါင်းတို့မလိုက်ရပဲ မင်းတြားကြီးအလိုတော်ရှိသော မိဖုရားတပါးပါးသာ လိုက်ပါခစားရလေသည်။

မင်းတြားကြီးက သူအလိုရှိသော မိဖုရားတပါးပါးကိုရွေးချယ်သည်ဆိုရာ၌ သူ၏အရှေ့တွင် ဝပ်တွားခစားနေသော မိဖုရားအပေါင်းတို့မှ နှစ်သက်သူ မိဖုရားတပါးပါးဆီသို့ သွားကာ ဦးခေါင်းဆံထုံးကို လက်ဖြင့်ထိတို့ လိုက်ခြင်းပင်ဖြစ်သည်။ ထိုသို့ဆံကေသာကို လက်နှင့်ထိတို့ အပွတ်သတ်ခံလိုက်ရသူ မိဖုရားသည် မင်းတြားကြီးနဲ့အတူ မြောက်ပန်းခုံတော်အလယ်ရှိ သော်မော်ဆောင်သို့ လိုက်ပါခစား ပြုစုရလေတော့သည်။

သီပေါဘုရင်လက်ထက် မိဖုရားခေါင်ကြီးစုဖုရားလတ် သားဦးကိုယ်ဝန်သန္ဓေဆောင်ရခိုက်၌ သီပေါဘုရင်နှင့်ဒိုင်းခင်ခင်တို့ ခိုးဝှက်ပျော်ပါးတွေ့ဆုံသည်ဆိုရာ ဤမြောက်ပန်းခုံတော်အလယ်ရှိ သော်မော်ဆောင်နန်း၌ပင်ဖြစ်လေသည်။

ဤသည်မှာ မြန်မာ့ထီးနန်းဓလေ့တခုဖြစ်သော “သော်မော်ဆောင်” နှင့် မြန်မာဘုရင်တို့၏ ထုံးတမ်းတစ်ရပ်ပင်ဖြစ်ပေသည်။ ထိုအဆောင်ကိုအစွဲပြု၍ ဤနေရာမှကြွင်းသော အခါများတွင်လည်း ထိုအရာ၌ မင်းတြားကြီးဘုရားနှင့်အဘယ်မိဖုရား ယနေ့သော်မော်ဆောင်ဝင်သည်ဟူ၍ စွဲမှတ်သညာ ခေါ်ဝေါ်ကြလေသည်။ ကိုးကား အမျိုးသမီးအနုပညာရှင်များ ဒဂုန်ခင်ခင်လေး (မင်းနန်သူ)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page