ကိုဗစ်အတွက် ဂေါ်ဖီထုပ်နဲ့ သခွားသီး များများစားခြင်းဟာ သေနှုန်း လျော့ကျစေကြောင်း တွေ့ရှိ
Covid-19 အတွက် ဂေါ်ဖီထုပ်နဲ့သခွားသီးများများစားခြင်းဟာ သေနှုန်းကိုလျော့ကျစေနိုင်တယ်လို့ ဥရောပမှာလုပ်တဲ့သုသေသနတစ်ခုမှာ တွေ့ရပါသတဲ့။
🇫🇷 ပြင်သစ်နိုင်ငံ Montpelier University ရှိ Pulmonary medicine ဌာနက Professor Jean Bousquet ရဲ့ သုသေသနတွေ့ရှိချက်ကို ပြောပြမယ်နော်။
သခွားသီးနဲ့ ဂေါ်ဖီထုပ်ကို တစ်နေ့ ၁ ဂရမ်လေးပဲပိုစားလိုက်တာနဲ့ သေနှုန်းကို ဂေါ်ဖီထုပ်က 13.6 ရာနှုန်းလျော့ကျစေနိုင်ပြီး သခွားသီးက 15.7 ရာနှုန်းလျော့ကျစေနိုင်တာကို တွေ့ရပါသတဲ့။ သခွားသီးကြိုက်တဲ့သူတွေကို လက်တို့သတင်းပေးလိုက်ကြပေါ့။
ဒါပေမယ့် ဆလပ်ရွက်ကတော့ ပြောင်းပြန်အကျိုးသက်ရောက်မှုကို တွေ့ရပါသတဲ့။ အခြားဟင်းသီးဟင်းရွက်တွေကတော့ Covid ကို ခုခံမှုအကျိုးသက်ရောက်မှု သိပ်မတွေ့ရပါဘူးတဲ့။
ဒါက ဥရောပမှာပဲ သုသေသနလုပ်ထားတာဖြစ်ပြီး Covid နဲ့ပတ်သက်လို့ သေနှုန်းက အခုထိပိုမိုနားလည်အောင် သုသေသနလုပ်နေရဆဲပါ။ ဥရောပနိုင်ငံတွေဖြစ်တဲ့ ဘယ်ဂျီယံ၊ ဗြိတိန်၊ စပိန်၊ ဆွီဒင်၊ အီတလီ၊ ပြင်သစ်တို့ဟာ ကမ္ဘာမှာ Covid ကြောင့် သေနှုန်းအများဆုံးဖြစ်ပါတယ်။ ဥပမာ – ဘယ်ဂျီယံဆိုရင် လူတစ်သန်းမှာ ၈၀၀ သေဆုံးပြီး အမေရိကန်ထက် နှစ်ဆသေနှုန်းများပါတယ်။
အဲ့ဒီသေနှုန်းများတဲ့ နိုင်ငံတွေမှာ Lockdown ကိုင်တွယ်ပုံတို့ ရာသီဥတုတို့ ကွာခြားပေမယ့် တစ်ခုတူညီနေတာက ဂေါ်ဖီထုပ်နဲ့ သခွားသီးသိပ်မစားကြတာကို တွေ့ရပါသတဲ့။ ပြင်သစ်မှာ လူတစ်ယောက်ဟာ ယေဘူယျအားဖြင့် ဂေါ်ဖီထုပ် တစ်နေ့ ၁ ဂရမ်လောက်ပဲပြီး ကျန်နိုင်ငံတွေမှာ စားနှုန်းက တစ်နေ့ ၅ ဂရမ်ထက်လျော့ပါသတဲ့။
🇱🇻 လတ်ဗီးယားနိုင်ငံဟာ ကမ္ဘာမှာ Covid ကြောင့် သေနှုန်းအနည်းဆုံးနိုင်ငံတွေထဲမှာပါတယ်။ အဲ့ဒီမှာ ဂေါ်ဖီထုပ်စားနှုန်းက တစ်နေ့ကို ၃၀ ဂရမ်လောက်ရှိသတဲ့။
🇨🇾 ဆိုက်ပရပ်စ်မှာ ဂေါ်ဖီထုပ်သိပ်မစားကြပေမယ့် သခွားသီးစားနှုန်းက နေ့စဉ် ၃၀ ဂရမ်လောက်ရှိသတဲ့။ သူလည်း လတ်ဗီးယားလိုပဲ Covid ကြောင့် သေနှုန်းအနည်းဆုံးနိုင်ငံတွေထဲမှာပါတယ်။
ဘာကြောင့် သခွားသီးနဲ့ ဂေါ်ဖီထုပ်စားခြင်းဟာ သေနှုန်းလျော့ကျမှုကို ဖြစ်စေနိုင်တာလဲ⁉️
အဲ့ဒီဖြစ်နိုင်ခြေက လူတွေမှာရှိတဲ့ Nrf2 ဆိုတဲ့ ပရိုတိန်းနဲ့ သက်ဆိုင်တယ်။ Sars-CoV-2 ဆိုတဲ့ Covid-19 ဖြစ်စေတဲ့ ဗိုင်းရပ်စ်ဟာ လူနာတွေမှာ ပြင်းထန်တဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းယောင်ယမ်းမှုတွေကို ဖြစ်စေတယ်။ ပြီးတော့ ဓာတ်တိုးစေတဲ့ အောက်ဆီဂျင်အမှုန်တွေကို ထုတ်လွှတ်ပေးတယ်။ Nrf2 ဟာ အဲ့ဒီ အမှုန်တွေကို ဖမ်းယူပြီးတော့ လူကိုဆိုးကျိုးမဖြစ်အောင်လျော့ချပေးတယ်။
အရင်တုန်းက သုသေသနလေ့လာမှုတွေအရ ဟင်းသီးဟင်းရွက်တွေမှာ curcumin, sulforaphane နဲ့ vitamin D တို့လို သဘာဝကွန်ပေါင်းတွေပါတယ်။ အဲ့ဒီသဘာဝကွန်ပေါင်းတွေက Nrf2 ထုတ်လုပ်မှုကို တိုးမြင့်စေတာမို့လို့ သခွားသီးနဲ့ ဂေါ်ဖီထုပ်စားရင် Nrf2 ပရိုတိန်းကို ရရှိနိုင်တာ ဖြစ်ပါသတဲ့။
broccoli နဲ့ cauliflower ပန်းဂေါ်ဖီတို့ကနေ Nrf2 ထွက်ခြင်းတိုးမြင့်စေတာ အခုအထိမတွေ့ရသေးပါဘူးတဲ့။ ဒါပေမယ့်အခုလို အကျိုးသက်ရောက်မှုမတွေ့ရသေးတာက broccoli နဲ့ cauliflower ပန်းဂေါ်ဖီစားတာက တစ်နေ့ ၆ ဂရမ်ထက်နည်းလို့ မတွေ့သေးတာဖြစ်နိုင်ပါတယ်တဲ့။
လတ်ဗီးယားနဲ့ ဆိုက်ပရပ်စ်တို့ ဂေါ်ဖီထုက်နဲ့ သခွားသီးစားသလို ကျနော်တို့ ဂေါ်ဖီစိမ်း broccoli နဲ့ ပန်းဂေါ်ဖီကို တစ်နေ့ ဂရမ် ၃၀ လောက်စားရင် Nrf2 ထွက်နိုင်ပါသတဲ့။
ဆလပ်ရွက်ကြတော့ ပဟေဠိဖြစ်နေပါသတဲ့ ဆလပ်ရွက်ပိုစားတဲ့ စပိန်နဲ့ အီတလီက ဆလပ်ရွက်လျော့စားတဲ့ ဂျာမနီထက်သေနှုန်းပို မြင့်ပါသတဲ့။ ဒါတွေလေ့လာစဉ်မှာ နိုင်ငံအလိုက် GDP, လူနေမှုထူထပ်နှုန်း၊ အဝလွန်မှုအခြေအနေနဲ့ အသက်အရွယ်အခြေအနေတွေပါ ထည့်သွင်းစဉ်းစားထားတာပါတဲ့။
ကျနော့်အမြင်ကတော့ ဟင်းသီးဟင်းရွက်ဟာ လူကိုရောဂါတိုက်ဖျက်ရေးမှာ အကူအညီပေးတယ်ဆိုတာသေချာတယ်။ ဒါပေမယ့် Covid-19 ကရောဂါအသစ်အဆန်းဖြစ်နေတယ်။ တရုတ်ရော ကျန်ကမ္ဘာ့နိုင်ငံတွေမှာ ဆေးမြီးတိုကအစ Covid အတွက် အသုံးကျမကျ လိုက်ရှာနေကြတယ်။
ဒါပေမယ့် ဘာကြောင့်ကောင်းစေမှာလဲဆိုတာ သေသေချာချာသုသေသနပြုသင့်တယ်။ တုပ်ကွေးသက်သာတဲ့ဆေးတိုင်းက Covid ကို ကုနိုင်တာမဟုတ်တဲ့အတွက် စိတ်မှန်းနဲ့ ရမ်းပြောလို့မရတာတွေရှိတယ်။
အခုတွေ့ရှိချက်က ကျယ်ကျယ်ပြန့်ပြန့် သုသေသနပြုထားတာ မဟုတ်သေးတာ။ သို့သော် သခွားသီးနဲ့ ဂေါ်ဖီထုပ်က ကျနော်တို့ဆီမှာ အလွယ်တကူလည်းရ လူတိုင်းလိုလို စားတတ်တာမို့ သတင်းကောင်းပါးလိုက်တာပါ။ ပိုးသတ်ဆေးဓာတ်ကြွင်းလွတ်အောင် ရေတော့သေသေချာချာဆေးပြီးမှ စားသုံးသင့်ပါတယ်။
အခုသုသေသနမှာ ထည့်ပြောထားတဲ့တစ်ချက်က ဟင်းသီးဟင်းရွက်တွေကို over cooked အလွန်ချက်ပြုတ်ပြီး အရမ်းနွမ်းစေရင် အဟာရအာနိပျက်တတ်ပါတယ်တဲ့။
Richard Myo Thant (22-July-2020)
https://www.facebook.com/richard.myothant