ကျောက်မြောင်းမှာ တိုက်ခန်းတံခါးတွေ ခေါက်ပြီး ကျောင်းနေကလေး ရှိလား လိုက်မေးနေတဲ့ အဖွဲ့
ကျောက်မြောင်းမှာ တိုက်ခန်းတံခါးတွေ ခေါက်ပြီး ကျောင်းနေကလေး ရှိလား လိုက်မေးနေတဲ့ အဖွဲ့…
ခုရက်ပိုင်း ကျောက်မြောင်းတဝိုက်မှာ တိုက်ခန်းတံခါးခေါက်ပြီး ကျောင်းတက်တဲ့ကလေးရှိလား နည်းပညာ ရှင်းပြချင်လို့ပါဆိုပြီး ယောင်္ကျား ၂ ယောက်လိုက်မေးပါတယ်။
ကလေးမရှိဘူးဆို လူကြီးကို ရှင်းပြမယ်။ ၄မိနစ်၊ ၅မိနစ်ဆိုပြီး ဘာရည်ရွယ်ချက်နဲ့ ဘာတွေလည်းတော့မသိဘူး ကလေးကို ဘာနည်းပညာရှင်းပြမှာလဲ ဒီအရွယ်ကို။
အသိအိမ်တော်တော်များများလည်း လာခေါက်တယ်။ ပြောကြတယ်။ သတိထားကြပါ။ လူစိမ်းဆိုမဖွင့်ကြပါနဲ့။
အုပ်စုလိုက်ကို လိုက်မေးနေတာပါ မိန်းမတယောက် ယောင်္ကျားတယောက်ကတတွဲ ယောင်္ကျားလေး ၂ ယောက်က တွဲ ကလေးတွေကိုအဓိကလိုက်မေးနေတာပါ။ တံခါးသော့တွေ ခတ်ထားကြပါ။ (ဓာတ်ပုံတော့ မရိုက်မိလိုက်ပါဘူး။)
မားမားသူသူ