နေပူကြီးထဲမှာ ရေခဲထုပ် တခေါက် ရောင်းရမှ ၁၅၀၀ မြတ်တဲ့ အသက် (၇၉) နှစ်အရွယ်အဘိုး

အဖိုး ဒီနေ့ တနေ့တော့…အိမ် အစောကြီး ပြန်နားလိုက်နော်

နေ့လည် (၁၂)နာရီ…ခေါင်းပေါ် နေတည့်တည့် ပူပူမှာ…အဖိုး တယောက်…ရေခဲထုပ်ဆိုပြီ အော်သံ၊ အဖိုး အသက်(၇၉)နှစ်… ရေခဲထုပ်လေးတွေ ရောင်းတယ်။ တထုပ်-၂၀၀ကျပ်ဖြင့် တလမ်းဝင် တလမ်းထွက် လိုက်အော်ရောင်းတယ်

အဖိုးရေ…လာပါအုံး…ဘယ်လိုရောင်းတုန်း အဖိုး၊ တထုပ်-၂၀၀ပါ သားရယ်…အရသာ အစုံပါတယ်၊ ဟုတ် အဖိုး…အဖိုး ကိုယ်တိုင်လုပ်ရောင်းတာလား ဗျ၊ မဟုတ်ပါဘူး သားရယ်…သူများဆီက ယူရောင်းရတာပါ… ဒါဆို…ဒါကုန်ရင် ပြန်ပြီပေါ့

မပြန်ပါဘူး သားရယ်…ကုန်ပြီဆို အဖိုး ဆိုင်မှာ ထပ်သွားယူ… ပြန်ထပ်ရောင်းပေါ့။ ဟာ…ဒါဆို တခါ ရောင်းရရင် အဖိုးတွက် ဘယ်လောက် ကျန်တုန်း။ ပွင့်လင်းပြောရရင် (၁၅၀၀)လောက်တော့ ကျန်ပါတယ်။

တနေ့ ဘယ်နှခေါက်လောက် အဖိုးရောင်းလဲ၊ တခါတလေ ရောင်းကောင်းရင် (၃)ခေါက်ရတယ်…မကောင်းရင် (၂)ခေါက်ပေါ့။ အနည်းဆုံး (၃) ခေါက်လောက်ရောင်းရမှ (၅)ထောင်လောက်ကျန်တာ… တနေ့ (၅)ထောင်လောက် ရောင်းရမှ အဖိုး အိမ်လစာ နှင့် စားဖို့ အဆင်ပြေတာ သား

ဒါဆို ဒီနေ့ ဘယ်နှခေါက် ရောင်းရပြီလဲ ဗျ၊ မနက်က ခုထိ (၁)ခေါက်တောင် မရသေးပါဘူး။ ဟာ…ဒါဆို အဖိုး သား အကုန် ယူမယ်ဗျာ…ဘယ်နှထုပ်ရှိလဲ

(၂၀)လောက် ရှိမယ် သား… ဟုတ် အဖိုး…ဒါဆို အဖိုး နောက်တခါ ထပ်သွားယူပြီ ရောင်းအုံးမှာပေါ့နော်။ ရောင်းရမှာပေါ့ သားရယ်… ဒါဆို မရောင်းနဲ့တော့…ဒီနေ့ တနေ့တော့ အဖိုး အိမ်အစောကြီး ပြန်နားလိုက်တော့နော်

ရော့ အဖိုး…ဒီနေ့ (၅)ထောင် မဟုတ်ဘူး…၅၀၀၀၀ ကိုင်ပြီး အိမ်ပြန်နားတော့နော်။ ကျေးဇူးတင်လိုက်တာ သားရယ်…အဖိုး ရေခဲချောင်း ဖိုးတွေ သွားပေးပြီ ဆေးဝယ် အိမ်ပြန်တော့မယ် သားရယ်။ ဟုတ် အဖိုး…ဂရုစိုက်ပြီ ပြန်နော်…

(ကျနော်တို့နှင့်အတူ ပူပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဖိုးကိုယ်စား ကျေးဇူးတင်ရှိပါတယ်ဗျ)

ဪ…အဖိုး အိမ်အပြန်ခြေလှမ်းလေး ပျော်ရွှင်တက်ကြွစွာဖြင့် ပြန်သွားရှာတယ်

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ

ယခုလို ခက်ခဲ ကြပ်တည်းနေတဲ့ ကာလကြီးမှာ သက်ကြီးရွယ်အိုတွေကို လိုက်လံလှူဒါန်းပေးနေတဲ့ ကိုပူတူးနဲ့ စေတနာရှင်များ အားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပါစေလို့ ဆုတောင်း လိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page