ခေတ်သစ် ပြည်သူပိုင်သိမ်းပွဲကြီး စပြီ (၁၉၈၀ ကျော်က အကုန်ရှားခေတ်ကို ပြန်ရောက်တော့ပါမယ်)
ဘဏ်တွေထဲမှာရှိတဲ့ ပြည်တွင်းကုမ္ပဏီ၊ နိုင်ငံခြား ကုမ္ပဏီ၊ နိုင်ငံခြားသားရှယ်ယာ ၃၅% ပါ ပြည်တွင်းကုမ္ပဏီ အားလုံးရဲ့ ဒေါ်လာတွေ အကုန်ဝယ်သိမ်း၊
ပြည်ပပို့ရင် ဒေါ်လာနဲ့ပဲပို့ ပြည်ပပို့ကုန် ရငွေ ဒေါ်လာတွေ အကုန်ဝယ်သိမ်း သွင်းကုန်တွေအတွက်က ယွမ်နဲ့ ဘတ်နဲ့ ပေး နိုင်ငံခြားက ချေးငွေတွေလည်း မပေးနဲ့ဦး။ ညှိကြဦး။
မဆလ ခေတ်တုန်းက ပြည်သူပိုင်သိမ်းတာနဲ့ ဘာကွာလဲ? ဒေါ်လာစျေးတွေ ဘယ်လောက်အထိ ဖြစ်မလဲ? မြန်မာပြည်မှာ ရှိတဲ့ ကုမ္ပဏီပေါင်း ခြောက်သောင်း (၆၀,၀၀၀) လောက်မှာ ဒီနှစ်ကုန်ရင် ဘယ်နှစ်ခုလောက် ရှင်သန် ကျန်ရစ်မလဲ?
၂၀၂၁ ထဲမှာ လူဦးရေ ၁.၆ သန်းလောက် အလုပ်လက်မဲ့ ဖြစ်ခဲ့ကြပြီးတော့ ၂၀၂၂ မှာ အလုပ်လက်မဲ့ ဦးရေ ဘယ်လောက် ဖြစ်လာမလဲ? သာမန် ပြည်သူတွေ ဘယ်လောက်တောင့်ခံနိုင်ကြမလဲ? သီရိလင်္ကာလိုမျိုး တိုင်းပြည် ဒေဝါလီခံတာမျိုး ဖြစ်သွားနိုင်လား? ပြည်တွင်းစစ်နယ် ကရော ပိုကျယ်လာနိုင်လား?
သေချာတာကတော့ ကြာဖို့ များတယ်လို့ပဲ မြင်မိတယ်။ ကျွန်တော်တော့ ဉာဏ်မမီ။ “သိသလောက်၊ နားလည်သလောက် အလင်းပြကြပါဦး။” ကျွန်တော်တော့ ဘုရားတရုံမှတပါး အခြား မသိတော့ပါ။ (Zaw Naing)